Professional Authors

အားပျော့မုန်တိုင်း

အားပျော့မုန်တိုင်း

 

အနှိုင်းခံ

အမှားနဲ့အမှန်

အမှန်ဆိုတာ အမှားရဲ့ ဆင့်ကဲပြောင်းလဲမှု တခုလား

ဒီအချိန်မှာ  ဒါတွေတွေးနေလို့ကော

ဘာထူးမှာလဲ။

 

နေရောင်တောင်ကွယ်ပျောက်ပီးရင်…ပြန်လည်တောက်ပဖို့

အချိန်တခုတော့လိုသေးတာပဲလေ

ယောကျာ်းဆိုတဲ့ ဂုဏ်ပုဒ်တခုအောက်မှာတော့

ငါမကျဆုံးချင်သေးဘူး။

 

ဖတ်နေကျ FB က ကဗျာတပုဒ်ကို

ဆက်ဖတ်နေမိတယ်။

မေ့ထားပေမယ့်…အတွေးက ပျံလွင့်နေဆဲ

လေအေးတွေတိုက်စားလွန်းလို့….မျက်လုံးတွေပါကျိန်စပ်နေပီ။

 

ပြန်မျောကြည့်တယ်

နောင်တဆိုတာ..အမှားရဲ့ လက်တွဲဖော်လား..

အမှန်အတွက်ကော…ဖြည့်ဆည်းသူ မဖြစ်သင့်ဘူးလား

ပြန်စဉ်းစားသင့်နေပြီ။

 

လောကကြီးမှာ

အဆိုးတွေ အတွက် အရင်ပေးဆပ်ပြီးမှ..အကောင်းဆိုတာ

ဖြစ်တည်လိမ့်မယ်။

 

ခင်ဗျားတို့ ယုံမှာလား

မယုံလဲ..မတတ်နိုင်ဘူးလေ

ခင်ဗျားတို့ ယုံကြည်ချက်တွေက

ကျွန်တော့်ဘ၀အတွက်

 ဘာမှ မသက်ရောက်နိုင်တော့လို့လေ။

 

ဒါဆို ကျွန်တော်.အစွန်းရောက်နေပီ…

ဟုတ်တယ်.. အစွန်းရောက်နေပီ

ဟုတ်တယ်..အစွန်းကို သိမှလဲ…

အဲ့ဒီ အရာရဲ့ တန်ဖိုးကို နားလည်မှာလေ။

 

ကျွန်တော့်အတွေးကို သက်သေပြဖို့

ဘာတွေ လိုအပ်လဲ

သက်သေပြနေရင်

ခင်ဗျားတို့ကို မှီခိုရာ ကျနေအုံးမယ်

ကျွန်တော့်ကိုယ်ကျွန်တော်ဗဟိုပြုစနစ်နဲ့ပဲသွားတော့မယ်။

 

တဖက်သတ်ဆန်တယ်ပဲပြောပြော

အစွဲအလန်းတွေက ..နေ့ည မခွဲခြား

မဖိတ်ခေါ်ပဲ..ရောက်ရောက်နေတယ်

ဒါသူတို့ အကျင့်တခုလိုဖြစ်နေပြီ။

 

ဧည့်ခံဖို့..ဘာမှအဆင်သင့်မဖြစ်သေးခင်မှာပဲ…

နှုတ်ဆက်အနမ်းတွေနဲ့ ချွှေးသိပ်သွားပြန်တယ်..

လောကကြီးကို ပြင်ယူဖို့မကြိုးစားနဲ့

ကိုယ့်ဟာကို ပြင်ယူဖို့ကျတော့လဲ……….။

 

တခါတလေကျတော့..အရာအားလုံးက

စည်းချက်ညီညီ… တိုက်ခိုက်နေသလားလို့တောင်ထင်မိတယ်

ငါစိတ်တွေဆောက်တည်ရာမဲ့နေပီ

ငါယောကျာ်းပဲလေ ဆိုတဲ့ လေပြေလေးကလဲ

နား နားကို….မကြားတကြားလေး…တိုးဝှေ့နေတယ်

ဒါဆို ဆုပ်ကိုင်ဖို့ကျတော့လဲ…..တခြား…ထောက်ကန်ပေးမယ့်

အကူပစ္စည်းတွေလိုနေပြန်တယ်။

 

အဆိုးတွေပီးရင်…လေပြည်လေးတချက်တော့

တိုက်သင့်နေပါပီ

သိပြီးသား စကားပုံတွေလဲ နားရည်ဝနေပြီ..

ဒါပီးရင်..ဒါလာမယ်ဆိုတဲ့…ရှေ့ဖြစ်ဟောဆရာလိုလို..

မသိစိတ်က ကြိုသိနေသလိုနဲ့

သိစိတ်က ပြန်လည် တားမြစ်ထားပြန်တယ်..။

 

စိတ်ယိုင်တယ်ဆို..စိတ်မခိုင်လို့လား..

မိမိထက်ပတ်ဝန်းကျင်..ဆွဲအားက ပိုကြီးနေတာလား

ယိုင်ချင်နေတာကိုပဲ…ထဲထဲဝင်ဝင်မသိသေးလို့လား

အဲ့ဒါလေးနဲ့.စူးစမ်းမှု နဲ့ စိတ်ယိုင်နှုန်းကိန်းကို

ပုံသေနည်းထုတ်ဖို့

မကြိုးစားချင်နဲ့။

 

အမှားလုပ်ပီးတိုင်း…တုန်လှုပ်ပြမှ….

ပတ်ဝန်းကျင် အမြင်သာမှာလား။

 

ဆေးလိပ်တလိပ်ကို ဆိုင်းပုဒ်ကျိုးအောင် သောက်ခဲ့မိတဲ့

ငါအပြစ်တွေလိုပဲမှတ်ယူလိုက်တော့မယ်…

သွေးအေးစွာ..မှားယွင်းမှုတွေအတွက် ဖေးမမှု က

ရာခိုင်နှုန်းဘယ်လောက်ရှိမှာလဲ။

 

ဘေးလူကို မတုန်လှုပ်ပြတတ်တာကို က …အကျင့်လိုစွဲမြဲနေပီ

ဒါတွေ..ကို ချိုးဖျက်ဖို့….အတွက်…

အားတခုလိုနေမိတယ်။ ။

 

FiйaL⎝⋋⏝⋌⎠mUtaTioй

 27.12.10 ( 5:00 pm)

In: ကဗျာ Posted By: Date: Apr 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment