ကွာဟမှု
ကွာဟမှု
ဖြစ်တည်မှုတိုင်းကို အစဖော်
သုံးသပ်ချင်တယ်
လုပ်ရပ်တိုင်းအတွက် အသိအမှတ်ပြုမှုကို
ခံယူချင်နေတယ်။
သုညမှာပဲနေမလား၊
မနေပါဘူး..ဒါဆို
သုညအောက်ကို ဆင်းမလား၊
သုညမှာပဲ နေလို့တော့
ဘာမှအကျိုးမရှိဘူး။
သုညအထက်ကို ချီတက်နိုင်မှ အကျိုးရှိမယ်။
ထပ်တလဲအဖန်တရာ စကားတွေလဲ
နားရည်ဝနေပြီ။
မင်းတို့ အသက်ငယ်သေးတယ်
ဖြစ်ပါ့မလား။
ကဲ..ဘာလုပ်ကြမလဲ
ရိုက်နှက်ချက်တွေကလဲ ပြင်းထန်နေတယ်။
သူလဲပဲ
လူကြီးလူငယ် ၀ိဝါဒ ကွဲပြားမှုကို
ပြင်းပြင်းထန်ထန် ခံစားခဲ့ဖူးတယ်။
ဒါအမှန်လို့…ပြောတိုင်း
လက်ခံဖို့ သူ့အတွက် ခဲယဉ်းနေပြီ
အမှန်တရားကို ပေးဆပ်မှုမပါပဲ
သူ့ ဘ၀ထဲ ခေါ်မသွင်းတတ်တော့ဘူး
အမှားတခုလား။
သူမှန်ပါတယ်…
ဒါလူငယ်သဘာဝ
ထို လူကြီးတွေလဲ
တချိန်က လူငယ်တွေဖြစ်ခဲ့ကြတာပဲ။
ကွာဟမှုကိုတော့
ဇွတ်အတင်းဆွဲမညှိချင်တော့ဘူး
ဘာလုပ်လုပ်အကောင်းမြင်မခံခဲ့ရသူလေ..
လက်ခံပါတယ်..
အတွေ့အကြုံဆိုတာ
အကောင်းအဆိုးဒွန်တွဲနေတယ်ဆိုတာ
ဒါပေမယ့်…အဆိုးကိုကြောက်တာနဲ့
အကောင်းတွေ လက်လွတ်ဆုံးရှုံးခံမှာလား။
ယာဉ်တိုက်မှုဖြစ်မှာစိုးလို့
ကားမစီးတော့ဘူးလား
ရေမကူးတတ်လို့..သဘောင်္မစီးတော့ဘူးလား
တွေးကြည့်တိုင်း..ရယ်ချင်မိတယ်။
လူကြီးတွေပြောတိုင်း
လက်မခံတတ်တော့တာ
ကြာပါပြီ။
ထိုသူတွေပြောတိုင်း
ပြန်လည်ချေပချင်စိတ်တွေက
အချိန်တိုင်းပြည့်နှက်နေတယ်
အရွဲ့တိုက်ချင်စိတ်..မိမိရဲ့လုပ်ရပ်အတွက်
သက်သေပြချင်စိတ်တွေက
ဒုနဲ့ဒေး…
လူငယ်တွေနဲ့ တအားဝေးနေပီ။
အတွေ့အကြုံဆိုတဲ့
တံတိုင်းကြီးက လူငယ် လူကြီးရယ်လို့
စည်းခြားထားသလို။
စိုးရိမ်မှုတွေက အသောမသတ်နိုင်။
လေးစားမှုမှာ
အသက်အရွယ်ပိုင်းခြားထားသလား
မခြားထားပါဘူး
လူငယ်တွေအတွက်
လူကြီးတွေရဲ့ အပြုသဘောဆောင် တဲ့
အသိအမှတ်ပြု မှတ်ချက်လေးတွေက
နိဗ္ဗာန်ပါ။
ပူပန်စိုးရိမ်မှုတွေနဲ့
လူငယ်တွေရဲ့ အတွေးသစ်ကွန့်မြူးမှု တွေကို
မညစ်နွမ်းစေချင်ဘူး..
နောက်ဆုံးမှာတော့
လူငယ်ဆိုတာ
လူကြီးတွေ ရှေ့က ဖြစ်လာတာပါ။
ကိစ္စတခု အစပျိုးတိုင်း
မလုပ်သင့်ဘူးလို့
လူကြီးတွေ ရဲ့ထိုးနှက်ချက်ကို
ကျွန်တော် လက်သင့်မခံ။
ဘာလုပ်ရမယ်ဆိုတဲ့
Alternative way
တစ်ခုတော့ချပြသင့်တယ်
် Alternative way
တခုကိုမချပြ ဘဲနဲ့
မလုပ်သင့်ဘူးလို့ ဇွတ်ပြောနေတဲ့
လူကြီးတွေကတော့
ကျွန်တော်တို့နဲ့
မျိုးဆက်ကွာဟမှု
ဆက်လက်ကြီးထွား နေပါတယ်။
FiйaL⎝⋋⏝⋌⎠mUtaTioй
( 4:51 PM)
(10.1.2011)
Comment #2
ဟုတ်ကဲ့ခင်ဗျ…ကျေးဇူးတင်ပါတယ်ဗျာ…genius.jinx28 ရေ
Comment #1
အားပေးသွားပါတယ်………..
တစ်ပုဒ်လုံး …. ကောင်းပါတယ်