ငါအိုသွားသော….အခါ
နေ၀င်ချိန်
နာကျင် ဝေဒနာ ……ဒုက္ခသစ္စာ
သိရုံလေးမှ သိပါ့မလား…
ဘက်မညီတဲ့ ခန္ဓာ နဲ့ စိတ်
တာဝန်ကိုယ်စီခြားက ……..လဲလျောင်းနေတဲ့ ငါ
အထီးကျန် အမကျန် ……သွားစမ်း ဒီစကားလုံးတွေ
လှပစွာ ပျက်ခဲ့တဲ့ …..အဖြစ်တွေ
ကျေ နပ် နေ မှာ ပါ
ဒီ၇ုပ်ကို ခွာဖို့ အသင့်မှ ဖြစ်ပါ့မလား
ငှက်တွေ အိပ်တန်းတတ်ပြီ
မနောက အိပ်တန်းသိလား
လူတွေပြောတဲ့ လွတ်ရာ ငါေ၇ာက်ပါ့မလား
သူ့အိုးနဲ့ သူ့ဆန် တန်၇ုံပေါ့
ဖြစ်ပျက် ကုဋေ ကုဋာ ပြီးဆုံးသွားသော ….အခါ
(၀ါ)
ငါ အိုသွားသော…..အခါ။
မယ်မနော
12:59pm
Comment #3
လှပစွာ ပျက်ခဲ့တဲ့ …..အဖြစ်တွေ
ကျေ နပ် နေ မှာ ပါ

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးသွားပါတယ်……..မယ်မနော