Professional Authors

ငါနဲ့ ကျွန်တော်ကြား ၀ိရောဓိ

ဒီမျက်စိ မြင်ကတည်းက
သင်လိုက်ရတဲ့
ပုရွက်ဆိပ်နဲ့ လိပ်အကြောင်း
ဘယ်လောက်ဟောင်းဟောင်း
ခေါင်းမာမာနဲ့ ပြောနေကြတော့
ကိုယ့်ပုခုံးကို ရောင်ရမ်းစမ်းမိရဲ့ …

ဘ၀တစ်လျှောက်လုံး
အုန်းဆံခွံတွေကိုပဲ
လူအထင်ကြီးအောင်
အားရပါးရ ၀ါးရင်း
ဖန်တွတွ အရသာကိုပဲ
ကြိတ်မှိတ်မျိုချခဲ့တဲ့ ငါ …
နေညိုချိန်ကျမှ
ဝမ်းဆာအတွက်
ငါ့မြစ်ကို တမံတုပ်
အပေါ်ယံတွေ ပက်ထုတ် တော့
ငါ့အရိုးနဲ့ ဖိနပ်စုတ် ပဲတွေ့တယ် …

In: ကဗျာ Posted By: Date: Apr 23, 2011
Comment #1

တော် သေးတာ ပေါ့.. အရိုးနဲ့ ဖိ နပ် စုတ် တွေ့ လို့…..တစ်ချို့ ဆို အဲလောက် တောင်မရ သွားဘူး ဗျ….:D

commentinfo By: Demon 13 at Apr 23, 2011
Comment #2

ငါ့ အရိုးက ကျွန်တော့်ဘ၀ရဲ့ နိဂုံး
ငါ့ဖိနပ်စုတ်က ကျွန်တော်လျှောက်ခဲ့တဲ့ လမ်းတွေရဲ့ ကြမ်းတမ်းမှု သင်္ကေတပေါ့

commentinfo By: မောင်ချမ်းအေး at Apr 23, 2011
Comment #3

နေညိုချိန်ကျမှ
ဝမ်းဆာအတွက်
ငါ့မြစ်ကို တမံတုပ်
အပေါ်ယံတွေ ပက်ထုတ် တော့
ငါ့အရိုးနဲ့ ဖိနပ်စုတ် ပဲတွေ့တယ် …:D
မြစ်ကိုတမံတုပ်တယ်ဆိုတော့တော်တော်
လောဘကြီးတဲ့ လိပ်ပဲဗျ…:P

commentinfo By: phyowai at Apr 23, 2011
Comment #4

ဘ၀တစ်လျှောက်လုံး
အုန်းဆံခွံတွေကိုပဲ
လူအထင်ကြီးအောင်
အားရပါးရ ၀ါးရင်း
ဖန်တွတွ အရသာကိုပဲ
ကြိတ်မှိတ်မျိုချခဲ့တဲ့ ငါ …
နေညိုချိန်ကျမှ
ဝမ်းဆာအတွက်
ငါ့မြစ်ကို တမံတုပ်
အပေါ်ယံတွေ ပက်ထုတ် တော့
ငါ့အရိုးနဲ့ ဖိနပ်စုတ် ပဲတွေ့တယ် …

Leave Comments

Name*

Email*
Website
Email me whenever there is new comment