အရိပ်များ – မောင်စိန်ဝင်း(ပုတီးကုန်း)
လမရှိပါ …
လ၏အစား၊ ချစ်သူ့ပါးပြင်
ပါးကွက်ထင် ….။
ကြယ်မရှိပါ …
ကြယ်၏အစား၊ ဖန်သားလဲ့ပြာ
မဟူရာနက်၊ သူ့မျက်ဝန်းတွင်
ရွှန်းလက်စင် … ။
ည မရှိပါ …
ည၏အစား၊ နွမ်းပါးနိမ့်ကျ
ငါ့ဘဝတွင် အရိပ်ထင် … ။
သည်အခါ၌
မေတ္တာဟူသည်၊ မယုံကြည်ပါ
လ သည် ကြယ် သည်၊ ညလယ်မွေ့ပျော်
အဖော်မစစ်၊ ပစ္စက္ခအား
လှည့်ဖြားခြင်းသာ၊ ညများစွာ၏
အနာဂတ်သည်၊ အိမ်မက်ရှည်။
မောင်စိန်ဝင်း(ပုတီးကုန်း)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သည်အခါ၌
မေတ္တာဟူသည်၊ မယုံကြည်ပါ
လ သည် ကြယ် သည်၊ ညလယ်မွေ့ပျော်
အဖော်မစစ်၊ ပစ္စက္ခအား
လှည့်ဖြားခြင်းသာ၊ ညများစွာ၏
အနာဂတ်သည်၊ အိမ်မက်ရှည်။