နယူတန်ကို ကလန် ကဆန် လုပ်သွားတဲ့ သစ်သီးလေးများအကြောင်း
(၁)အချစ် မဟုတ်
ဒါ ဟာ အပုပ်ကောင်
ရုပ် ဆောင် နေတဲ့ သစ် သီး တစ် လုံး
ကမ္ဘာ့မြေဆွဲအားကို ငြင်း ပယ် တယ်
(၂)Khatana……
နှစ် ထပ် အုပ် ထားတဲ့ သံမဏိတစ်ခု
ရှေ့  ၆လက် မ နေရာ ကနေ
ရင် ဘက် ကို ခုတ် ပိုင်း သွား တယ် (ATHENA)
(၃)အခု ကန် တော်ကြီး ထဲ မှာ
လူ တစ် ယောက်
အရက်ထိုင် သောက် နေတယ်
ခင်ဗျား ခွေးကလေး နေ ကောင်း လား မေးရင်
သူ့ရင် ဘက် ကို ဖွင့် ပြ ပါလိမ့်မယ်
(၄)အချစ် ကစစ် လိုပဲ
တိုက် တိုင်း လဲ မနိုင် နိုင်ဘူးတဲ့
လူကသာရှင်သန်နေတာ
အပွင့် အခက် တွေက
ဆက် လက် ဝေ ဆာမလာခဲ့ဘူး
(၅)မနေ့က သူက…
အချစ် ကို သူ မ အတွက်
လက် ဆောင် ထုတ် ပေးနိုင် ခဲ့တယ်
ကျေးဇူးတင် လွှာထဲမှာ
သူမ လန့် လို့ သေသွားတဲ့အကြောင်း ပါ တယ်
(၆) ဒီက နေ့
ကန် ဘောင် မှာ
ရင် ဘက်ဟောက် ပက်ကြီး နဲ့
လူတစ်ယောက်
အချစ် ကို ဆဲ တယ်
.“……+…-…@#$%!!!!!
ခင် ဗျား..ပန်းသီးမဟုတ် ဘူး ” တဲ့
Comment #3
ကျေးဇူးတင်ပါတယ် ခင်ဗျာ

Comment #4
ကောင်းတယ်ဗျ….အားပေးနေပါတယ်

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းလိုက်တဲ့ စာသား