အဖြူရောင်အကြောင်း(သုခမိန်လှိုင်)
တစ်ခါတုန်းက ဖြူဖြူစင်စင် အင်္ကျီလေးတစ်ထည်
ပြန်လျှော်မကြည့်နဲ့တော့
ပြန်လျှော်လည်း အသစ်မဖြစ်တော့
ပြန်လျှော်လည်း အကောင်းမဖြစ်တော့
ပြန်လျှော်လည်း အဖြူမဖြစ်တော့
သဘာဝကျကျ ထားလိုက်တော့
ကြိုးစားရင်းဟောင်းခဲ့တာ
ချီတတ်ရင်း ညစ်ခဲ့တာ
လဲကျရင်း စုတ်ခဲ့တာ
အဲ့ဒါ
ပန်းတိုင်ရောက်ရင် ငါ့အလံ။ ။
သုခမိန်လှိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လဲကျရင်း စုတ်ခဲ့တာ
အဲ့ဒါ
ပန်းတိုင်ရောက်ရင် ငါ့အလံ။ ။