မာန် – မောင်စိန်ဝင်း(ပုတီးကုန်း)
အရွက်အတံ၊
အနှံအသီး၊
ဖျက်ဆီးရုံမျှ၊
အားမရသေး၊
ပင်မကိုဖြတ်၊
အသေသတ်လည်း၊
မားမတ်ညွန့်ဝေ၊
ခေါင်းထောင်နေအံ့၊
ရေသောက်မြစ်မှ၊
လူးလွန့်ထကာ၊
ခက်မရှင်သန်နေအုံးမည်။
မောင်စိန်ဝင်း(ပုတီးကုန်း)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဒီ ကဗျာလေးကို အရမ်း ကြိုက်ပါတယ် ။
ကဗျာလေးကို ဖတ်လိုက်တာနဲ့ သွေးတွေ ဆူပြီး
အားမာန်တွေ တက်လာတယ်လို့ ခံစားလိုက်ရတယ် ။