နင်……… ခွင့်မလွတ်ပါနဲ့……….။ ။ ( Teardrop)
နင် ခွင့်မလွတ်ပါနဲ့…
လမ်းခွဲခဲ့စဉ်က အပြုံးမပျက်
နင့်မျှော်လင့်ချက်တွေ အဆုံးသတ်ပေးခဲ့တဲ့ ငါ့ကို……….။
နင် ခွင့်မလွတ်ပါနဲ့…
ရက်စက်မှုကို မိတ်ဖွဲ့
နင်ခံစားရသမျှတွေ ပယ်ချခဲ့တဲ့ငါ့ကို……..။
နင် ခွင့်မလွတ်ပါနဲ့…
ကတိစကားတွေ အမြဲဖျက်
နင့်သစ္စာတရားတွေ ပေါ့ပျက်စေခဲ့တဲ့ငါ့ကို…..။
နင် ခွင့်မလွတ်ပါနဲ့…
ဂရုတစိုက် မလေးနက်
နင့်အကြောင်းတွေ ထည့်မတွက်ခဲ့တဲ့ငါ့ကို…..။
နင် ခွင့်မလွတ်ပါနဲ့…
အိမ်ပြန်ချိန်တွေအသက်မဲ့
နေ၀င်ချိန်တွေ နင်နဲ့အတူရှိနေမပေးတဲ့ငါ့ကို…..။
နင် ခွင့်မလွတ်ပါနဲ့…
မသိတတ်မှုတွေလို့ ခေါင်းစဉ်တပ်
အချစ်မသိသူလို့ တံဆိပ်တပ်ထားတဲ့ငါ့ကို…………။
နင် ခွင့်မလွတ်ပါနဲ့…
နောင်တတရားတွေ ပွေ့ဖက်
ချစ်ခြင်းတန်ဖိုး နင့်အတွက်
အမြဲလိုလို အသိအမှတ်ပြုတတ်သွားတဲ့ ငါ့ကို
ကြင်နာမှုနဲ့မတန်တဲ့သူအဖြစ်…..
နင်……လုံးဝ…..ဘယ်တော့မှ ….ခွင့်မလွတ်ပါနဲ့ဟာ………….။
July 28 2011 (မျှော်လင့်ထားသော …..နှစ်ပတ်လည်တစ်ခုအား ရည်ရွယ်လျက်………….)
Teardrop
Comment #3
နင် ခွင့်မလွတ်ပါနဲ့…
နောင်တတရားတွေ ပွေ့ဖက်
ချစ်ခြင်းတန်ဖိုး နင့်အတွက်
အမြဲလိုလို အသိအမှတ်ပြုတတ်သွားတဲ့ ငါ့ကို
ကြင်နာမှုနဲ့မတန်တဲ့သူအဖြစ်…..
နင်……လုံးဝ…..ဘယ်တော့မှ ….ခွင့်မလွတ်ပါနဲ့ဟာ………….။

Comment #5
ကဗျာလေးကို ဖတ်ပြီး အားပေးတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်
သူကတော့ ခွင့်လွှတ်ပေးခဲ့တယ်
ဒါပေမယ့်……ကိုယ်တိုင်ကိုက လိပ်ပြာမလုံတော့တဲ့ အဖြစ်တွေလည်းရှိတယ်….။ ။
ပြောရမယ်ဆိုရင် နောင်တ ပေါ့…။

Comment #6
တော်…ဆိုးတာပဲ…ဗျ
ကောင်မလေး သနားဖို့ကောင်းတယ်
ကဗျာထဲက အတိုင်းဆို၇င်

Comment #7
အမ်
ကဗျာရေးတဲ့သူက ကောင်မလေးပါ
ကဗျာထဲမှာ ကောင်မလေးက ဆိုးခဲ့တာ
ကောင်လေးက သနားဖို့ကောင်းခဲ့တာပါ…..
ဟို မှားပြီး သနားမိမှာ စိုးလို့….:P

Comment #8
သြော်…sorry ….sorry
မသိလို့ပါဗျာ.. ကောင်လေးေ၇းတယ်ထင်လို့ပါ
အဲဒါဆို၇င်တော့…ကဗျာေ၇းတဲ့ ကောင်မလေး
တော်တော်ဆိုးတာပဲ

Comment #9
အရမ်းတိုက်ဆိုင်တာပဲ
အဲဒီကဗျာထဲကလိုပဲ………..
တော်တော်ဆိုးခဲ့တယ်……..
ဘယ်တော့မှခွင့်လွှတ်ဖို့ မတောင်းဆိုချင်ပါဘူး

Comment #1
အားပေးသွားတယ်နော်။။ကဗျာလေးကဖတ်လို့ကောင်းပါတယ်…. 😛