ဝေဒနာ အမှတ် ( ၃ ) ( လူမော်ငြိမ်း )
နွေရာသီထက် ငါ့စိတ်က ပိုပူ ပိုအိုက်တယ် ။
လက်ကြားက အနက်ရောင် မကောင်းဆိုးဝါး …
ဟုတ်တယ် … အဲဒါ သေမင်းနံ့ နဲ့ ကင်ဆာပဲ
ရှုလိုက်ရင် ရင်နာတော့ သက်သာတယ် ။
့
ပြတ်ပါတော့ကွယ် … လောကနဲ့ အဆက်အသွယ်
ခံစားချက်တွေက ထိုင်မရ ထမရနဲ့ … ရှက်စရာ
စိတ်ဓာတ်တွေကလည်း မညီမညာ ဖြစ်နေရတယ် ။
တစ်ချိန်က ငါဆိုတာ ငြိမ်းချမ်းသင်းမြ*တဲ့ သုညပါ
နင့်ကြောင့် တစ်ထက်မက ဖြစ်ခဲ့ ပျက်ခဲ့ရတယ်
ချစ်နိုင်စွမ်းထက် ပိုလို့ ချစ်ခဲ့ နစ်ခဲ့ရတဲ့ ဘဝပါ့ ။
( နင်ကိုယ်နင် ဘာထင်နေတာလည်းလို့ မေးရင်
ငါ့ကိုယ်ငါ ရှာဖွေလို့ မရအောင် ပျောက်ရှ … )
အခုတော့ ငါပြုသော ကံတွေက ငါ့ထံ ပြန်မလာဘဲ
ဟုန်းဟုန်းတောက်နေတဲ့ ဝမ်းနည်း အားငယ်မှုတွေနဲ့
သုည ဘဝ မှာတောင် တစ်ခြမ်းပဲ့ ဖြစ်နေရတယ် ။
အမှတ်တရတွေ အားလုံးက မီးထဲ ရေထဲမှာ …
မှန်တာပြော သစ္စာ … နင့်ကို ငါ ( လုံးဝ ) စိတ်နာတယ် ။
ငြိမ်းချမ်းသင်းမြ* = တာရာမင်းဝေ၏ စာသံပေသံပါတဲ့ ဝတ္တုမှ အသုံးအနှုန်း ။
Friday , April 15 , 2011
လူမော်ငြိမ်း
Comment #2
မှန်တာပြော သစ္စာ … နင့်ကို ငါ ( လုံးဝ ) စိတ်နာတယ် ။
ကိုလူမော်ငြိမ်းရဲ့နောက်ဆုံး ဝေဒနာလေးပေါ့.. အားပေးသွားပါတယ်.. 😀
Comment #5
ကိုလူမော်ငြိမ်းေ၇ ဝေဒနာတွေ ၇ဲ့ အဆုံးဆိုတော့ ကြား၇တာ ၀မ်းသာတယ်
အမှတ်တရတွေ အားလုံးက မီးထဲ ရေထဲမှာ …
မှန်တာပြော သစ္စာ … နင့်ကို ငါ ( လုံးဝ ) စိတ်နာတယ် ။
ကျနော်လဲ ဒီစကားကို အားရပါး၇ ပြောပစ်ချင်နေတာ။
Comment #7
နွေရာသီထက် ငါ့စိတ်က ပိုပူ ပိုအိုက်တယ် ။
လက်ကြားက အနက်ရောင် မကောင်းဆိုးဝါး …
ဟုတ်တယ် … အဲဒါ သေမင်းနံ့ နဲ့ ကင်ဆာပဲ
ရှုလိုက်ရင် ရင်နာတော့ သက်သာတယ် ။
မှန်တာပြော သစ္စာ … နင့်ကို ငါ ( လုံးဝ ) စိတ်နာတယ် ။
ဗဲရီးးးး ဂွတ်စ် ကြီးပဲ .. .။
Comment #10
ကောင်းလိုက်တာ။ မိုက်တယ် ကိုလူမော်ငြိမ်း
Comment #1
ကျွန်တော်ရေးခဲ့တဲ့
ဝေဒနာတွေထဲက နောက်ဆုံးပါ ။
ရင့်ကျက်မှုတွေကို အချိန်က
သင်ပေးသွားလိမ့်မယ်လို့ ထင်ပါတယ် ။
အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ ။