သူသည် လူသာ ဖြစ် သည်
ကြားမိပါစ…..
ဒုက္ခနက်တွင်း၊ ထိုရေတွင်းမှ
သူဆင်းရဲတို့၊ချို့တဲ့ဥစ္စာ
မဲ့ပညာနှင့် ၊ ဆာယာမျှော်မှန်း
ရော်ကာရမ်းလည်း၊ ကမ်းလှမ်းမည့်လက်
တစ်ဖက်ချက်တွင်၊ ကယ်တင်ကူ ရာ
မရှိပါတည်း….။
အလိုမိတ်ဆွေ၊ သူတို့တွေလည်း…..
တစ်မြေမိုးအောက်၊ မိုးခါးသောက်သူ
သင်လိုလူသား၊ ကမ္ဘာသားပင်။
အလိုမိတ်ဆွေ၊ သူတို့တွေလည်း
စိတ်နေစိတ်ထား၊ သင်ငါများနှင့်
ကွာခြားမနေ၊ တူတူ ပေပဲ။
ချစ်စေမုန်းတတ်၊ လွမ်းတတ်ကြ၍
အနေမြင့်ချင်၊ ချမ်းသာချင်၏။
လိုချင်ဥစ္စာ၊ ထွေပညာအား
သာယာတောင့်တ၊ နှစ်လို ကြ၍
လောကစည်းစိမ်၊ မသေချိန်ကို
တစ်ကြိမ်ခံစား၊ ယူချင်သွားမည်။
လူလိုတွေးတတ်၊ ကြံမှတ်တတ်၍
အသက်သေခြင်း၊ နာကျင် ခြင်းနှင့်
လှခြင်းစုံမက်၊ခံစားတတ်၏ ။
ထိုသို့ဖြင့်………….
သူဆင်းရဲသား၊ကျောမွဲများဟု
စကားအပြစ်၊ ဆိုဖြစ်မည့်အစား
သူကားလူပင်၊ငါနှင့်ဆင်သည်
ကမ်းတင်ကမ်းလက်၊နှင်းဆက်ပြုရန်
မေတ္တာမှန်ကြောင်း၊အကြံကောင်းသာ
ထပ်လောင်းပြုအပ်ကြပါစို့…..။ ။
Comment #3
😛
Comment #1
သူဆင်းရဲသား၊ကျောမွဲများဟု
စကားအပြစ်၊ ဆိုဖြစ်မည့်အစား
သူကားလူပင်၊ငါနှင့်ဆင်သည်
ကမ်းတင်ကမ်းလက်၊နှင်းဆက်ပြုရန်
မေတ္တာမှန်ကြောင်း၊အကြံကောင်းသာ
ထပ်လောင်းပြုအပ်ကြပါစို့…..။ ။