ငါရဲ့ …….
ပေးဆပ်ခြင်းက အချစ်လို့ပြောရင်
အဲအချစ်ကို မက်မက်မောမော
နမ်းရှိုက်လိုက်မယ် ချစ်သူ
ငါဟာ နင်အတွက်
ပေးဆပ်ဖို့ မွေးဖွားလာတာ ။
ငါချစ်ခြင်းမှာ မျှော်လင့်ခြင်းတွေမပါဘူး
ရယူလိုခြင်းတွေမရှိဘူး
အေးမြတဲ့ အရိပ်တခုဘဲ
အုပ်မိုးပေးချင်တာ ။
တုံပြန်ဖို့ မလိုဘူး
အသိအမှတ်ပြုမှုဘဲလိုတာ
အားနာမှုမလိုဘူး
နားလည်မှုတွေဘဲလိုချင်ခဲ့တာ ။
နင်ရှိတဲ့နေရာ
ပျော်အောင်နေလို့
ဝမ်းနည်းမှုတွေတွေ့လည်း အမြဲပြုံးမယ်
နင်ပျော်ရင် ငါကျေနပ်တာပေါ့ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
နင်ရှိတဲ့နေရာ
ပျော်အောင်နေလို့
ဝမ်းနည်းမှုတွေတွေ့လည်း အမြဲပြုံးမယ်
နင်ပျော်ရင် ငါကျေနပ်တာပေါ့ ။
အားပေးသွားပါတယ်