Professional Authors

ထွေးပိုက်မှု့

***black လား. Red လား. လာမဟြေနဲ့
BE က ဇေယျဝတီလား? လာပြောနဲ့
ငါက မူးရင် ပြီးရော
ရူးသွားအောင်
သောက်ချင်တဲ့ကောင်ပါ။
ခါးပတ် မပတ်ချင်လို့
ဘောင်းဘီကို ခဏခဏ
ဆွဲတင်တဲ့ကောင်ပါ
ဘာကိုမှလဲ မသိချင်ဘူး
ဘာကိုမှလဲ မလိုချင်ဘူး။
အဆိပ် တစ်ခွက်ဆိုရင်တော့
ငါ့ဆီ ပို့လိုက်
ချိုမြိန်စွာ
ငါသောက်သုံးပေးမယ်။

***just dance, bad romance
ငါမသိဘူး။
ပေါပင်တွေလဲ လာမပြောနဲ့
တောမှာ နေတာ
တွံ့တေးသိန်းတန်တောင်
မသိတဲ့ကောင်ပါ။
မှတ်တိုင်တွေ ဘာတွေလဲ
ငါမသိဘူး
ဆိုက်ကားလောက်ဘဲ
စိတ်ဝင်းစားတဲ့ ကောင်ပါ။
အမှောင်ထဲမှာ နေ နေတာပါ
မီးမလိုဘူး။
ဘာ!!!! ဖယောင်းတိုင် ဟုတ်လား?
ဖယောင်းတိုင်လဲ လာမပေးနဲ့
ပိုးစုန်ကြူး တောင်
မလိုဘူး။
အလင်းမရှိတဲ့
စမ်းတဝါးဝါးနဲ့ ဘဝကိုဘဲ
ငါ တက်မက်မောလို့ပါ။

***club လား။ ငါ့ လာမပြောနဲ့
ရွာက
ဒိုးပတ်သံကြားရင်တောင်
ကွေးနေအောင် ကတဲ့ကောင်ပါ။
လမ်းမှားတာကိုဘဲ
မြတ်နိုးတဲ့ကောင်
ငါ့ဘဝထဲကို မပြောဘဲနဲ့
ပြန်ဝင်မလာနဲ့
ငါ့မှာ နပိုလီယန်
စစ်တပ်ရှိတယ်။
နူးကလီးယား ၆ လုံးနဲ့
ရူးသွားအောင် လုပ်မှာ…
ဝဋ်လည်မှာလဲ လာမပြောနဲ့
အမှန်တရားဆိုတာ
တရားရုံးမှာတောင်
မရှိတော့ဘူး။
မိုးမရွာဘဲ မိုးကြုန်းပစ်
ခံရထားတဲ့ကောင်ပါ။
လမင်းကို တိမ်တိုက်ကတောင်
ဖုံးကွယ်ထားနိုင်သေးတာဘဲ
နင်လို ဓူဝံကြယ်လောက်တော့
မိုးတိမ်တောင် မလိုပါဘူး။
ငါဆိုတဲ့ကောင်က
ဒီရေလို နှိပ့်လိုက်
မြင့်လိုက်
နေချင်တဲ့ကောင်ပါ
ဘာကိုမှ
စောက်ဂရုမစိုက်ဘူး။ ။

In: ကဗျာ Posted By: Date: May 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment