ဗန်ပိုင်းရား(Vampire)
အဲ့ဒီမှာ အမှောင်ရောက်လာတော့
ငါတို့အားလုံးပျော်မြူးကြပေါ့..။
အမှောင်မှပိန်းပိန်းပိတ်လောက်အောင်
စွတ်စွတ်မှောင်လို့…
ငါတို့သာ ငါတို့ ရဲ့ရှင်သန်ခြင်း အာဟာရကို
စုတ်ယူရီဝေ နေတာသက်သက်ပါ..
ငါတို့ကို ဘယ်သူမှ မမြင်တွေနိုင်သလို
ငါတို့ကလည်းမမြင်တွေ့ ရသလိုပေါ့
မြင်တွေ့ လိုစိတ်လည်းမရှိကြ..။
ငါတို့ရဲ့ အိပ်မက်သွေးညှီနံ့ ရှိရာဆီ
မျှော်လင့်ချက်ကို ဆန့်တန်းပြီး
လျှောက်လှမ်းနေကြတာပါ..
ဖျောင်းဖျောင်းထရက်စက်တဲ့
အလင်းရောင်မလာသေးသရွေ့ 
ဘယ်တော့မှ မကျွတ်လွတ်နိုင်တော့တဲ့
တွယ်တာတပ်မက်ခြင်းတွေနဲ့ ..။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ခံစားရပါတယ်
ဒါပေမယ့် ကိုယ်ချင်းမစာနိုင်ဘူးဗျို့
ကြောက် ..ကြောက် 🙂
ကိုဖြိုးဝေ ရဲ့ ကိုယ်တွေ့ရင်တွင်းခံစားချက်ကလေး က မိုက်တယ်ဗျာ
အားပေးတယ်ဗျို့