ဘ၀သုည မာနတစ်ထောင်
ဘ၀သုည မာနတစ်ထောင်
ဘာမဟုတ်တဲ့အချစ်တွက်
ငါအလုပ်ရှုပ်ခံပြီး
အပူမီးလျှံတွေနဲ့ 
အထီးကျန်ငါ့ဘ၀ရဲ့ 
အကျည်းတန် ဒုက္ခတွေကိုလ
အားတင်းမာန်အကျခံပြီး
မကြွင်းကျန် ပြောပြရမယ်လား
အပြင်းထန် ကန့် ကွက်တယ်ပ
ငါ့ဘ၀ဆင်းရဲပေမယ့်
ငါ့မာနတော့ အနင်းမခံနိုင်ဘူး
(ဒါဟာ)ငါ့ဒသနအဆင်းမှန်ပဲရယ်လို့ 
(မင်းကို)သတင်းပြန်ခဲ့မယ်………….။ ။
မင်းအိမ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ဟုတ်တယ်…အချစ်ဆိုတာဘဝအတွက်မရှိမဖြစ်တဲ့
အရာမဟုတ်ဘူး…
ကျွန်တော်လဲ…အဲလိုပဲ…ဆင်းရဲပေမယ့်….
မာနတော့ရှိတယ်….
ဒီကဗျာလေးကိုကြိုက်တယ်…