တစ္ဆေဖျက်ကဗျာ
တစ္ဆေဖျက်ကဗျာ
တစ်ခွန်းစ နှစ်ခွန်းစ
လူတိုင်းစကားပြောနေတာ
စိတ်နောက်ချိန်မို့ 
တစ္ဆေ တစ်ကောင်ဝါးမျိုမိတယ်
အိပ်ငိုက်နေတဲ့မင်းလည်း
အရူးတစ်ယောက်လို
နှုတ်ဆက်မှရယ်ပြ
ဒါကိုပဲငြီးငွေ့ 
တစ်ခွန်းစ နှစ်ခွန်းစ
ကဗျာတစ်ပုဒ်ရေးနေရင်း
စိတ်နောက်နေလို့ 
ပုဒ်မနှစ်ချောင်းချမိတယ်
တစ္ဆေတစ်ကောင်ရယ်ဝင်ဖျက်လို့ ……..။ ။
မင်းအိမ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service