ရွက်ခြောက်ငိုသံ
ရွက်ခြောက်ငိုသံ
တရွေ့ ရွေ့ သွားနေတဲ့အချိန်တွေ
ဒိုင်ခွက်ထဲနာရီလက်တံရယ်
ဥသြငှက်တွန်သံလို……..
ပင်ယံထက်ဆီက
နွမ်းလွင့်ကြွေရွက်ခြောက်
ခေါ်ဆောင်ရာလေညှင်းနောက်မှာ
လိုက်လို့ ရယ် ကိုးကွယ်……
လေညှင်းနဲ့ ပျော်မြူး
ကြည်နူးခဲ့ ခဏတာ
ထားခဲ့ချိန်နောက်ပိုင်း
ရွက်ခြောက်ရဲ့ မျက်ရည်
နွေမှာရွာတဲ့ မိုး………
တရွေ့ ရွေ့ သွားနေဆဲအချိန်တွေ
ဒိုင်ခွက်ထဲ နာရီလက်တံရယ်
ရွက်ခြောက်ရဲ့  ငိုသံစိုး…………။ ။
မင်းအိမ်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းပါတယ် အားပေးသွားပါတယ်။