ဘဝ
ယုံကြည်ချက်တွေက
အချိန်ကြာလာတာနဲ့အမျှ
ယိုင်နဲ့ချင်လာပြီ
ရှေ့ဆက်ဘ၀အတွက်
အာမခံချက်ဆိုတာတွေကို
မယုံချင်တော့ဘူး
ဝေေ၀၀ါးဝါးနဲ့လျှောက်လာတာ
စိတ်ရောကိုယ်ပါပန်းနေပြီ
ကျွန်မယယှဉ်ပြိုင်နေရတဲ့
ဘ၀ ကစားပွဲမှာ
ကံကြမ္မာဒိုင်လူကြီးက ဘက်လိုက်တတ်လေရဲ့……
ဖြစ်ချင်ရာဖြစ်ဆိုပြီး
မျောလွင့်နေတဲ့အချိန်တွေကြား
ံကြမ္မာဆိုးမုန်တိုင်းတွေ
ဘယ်အချိန်ကျမှများစဲမှာလဲဆိုတဲ့
မရဲတရဲ့မျှော်လင့်ချက်တွေကို
လျော့ရဲရဲဆုပ်ကိုင်ရင်း
ံကြမ္မာငင်တဲ့ကိုယ့်ကိုယ်ကိုပဲ
ကျိန်ဆဲချင်တော့တယ်။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service