မသိခဲ့ခြင်း
မျက်ရည်တောင်မှမခြောက်သေးဘူး
ပုခုံးထက်မှာရင်နာစရာကအပြည့်
မနိုင်မနင်းထမ်းပိုးထားတဲ့မျှော်လင့်ချက်တွေက
အရာတောင်မယွင်းသေးဘူး
ငါ့အိပ်မက်တွေကိုဘယ်သူဖြိုဖျက်ခဲ့
အလို…..
ငါကိုယ်တိုင်ငါ့လက်နဲ့
ငါ့အိပ်မက်တွေကိုရေးခြယ်ခဲ့
ငါကိုယ်တိုင်ငါ့လက်နဲ့
ငါ့အိပ်မက်တွေကိုမြေမြှုပ်ခဲ့
ဘာကြောင့်လဲ?
ငါကိုယ်တိုင်မသိတော့ပါလား။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service