နင်သာ မေ့ဖို့ကြိုးစားပါ……။ ။
နင်ကိုယ်တိုင်…..
မသက်ဆိုင်တော့ကြောင်း…..သတ်မှတ်ပြီးတဲ့နောက်ပိုင်း…….
ငါတို့တွေရဲ့ရက်စွဲ
အပြုံးတွေဝေခဲ့ဖူးလည်း
ပြတ်သားစွာနဲ့ ငါကျောခိုင်းနိုင်တယ်….
နင်သာ မေ့ဖို့ကြိုးစားပါ….။ ။
လူတိုင်းက အားကျ
နင်ဂုဏ်ယူခဲ့တဲ့ ငါ့ရဲ့အချစ်ဆုံးဘ၀ကို
ခုချိန်က စပြီး ငါဖျောက်ဖျက်လိုက်မယ်
နင်သာ မေ့ဖို့ကြိုးစားပါ…..။
ခံစားရသမျှ အဝေးရောက်
မဆိုင်တဲ့ နင့်ထံအလွမ်းလည်း
ငါက မလိုချင်စွာနဲ့ နှင်လွှတ်တယ်
နင်သာ မေ့ဖို့ကြိုးစားပါ….။
တွဲလက်ကို လိုချင်တပ်မက်
နင့်ကိုပဲ ရင်ခုန်ခဲ့တဲ့
မနေ့တွေက ငါ့ကို
မုန်းတီးစွာနဲ့ ငါရှုံချတယ်
နင်သာ မေ့ဖို့ကြိုးစားပါ…။
နှစ်ချို့ခဲ့တဲ့ နှောင်ကြိုး
တစိမ်းတစ်ယောက်လို အသွင်ချိုးပြီး
နင့်ကို ရှိခွင့်မပေးခဲ့တဲ့
အတ္တတွေကို ထပ်မွန်းမံ…..
နင်သာ မေ့ဖို့ကြိုးစားပါ…..။
နင်သာ မေ့ဖို့……ကြိုးစားလိုက်ပါ…။ ။
Comment #2
လူတိုင်းက အားကျ
နင်ဂုဏ်ယူခဲ့တဲ့ ငါ့ရဲ့အချစ်ဆုံးဘ၀ကို
ခုချိန်က စပြီး ငါဖျောက်ဖျက်လိုက်မယ်
နင်သာ မေ့ဖို့ကြိုးစားပါ…..။

Comment #3
နှစ်ချို့ခဲ့တဲ့ နှောင်ကြိုး
တစိမ်းတစ်ယောက်လို အသွင်ချိုးပြီး
နင့်ကို ရှိခွင့်မပေးခဲ့တဲ့
အတ္တတွေကို ထပ်မွန်းမံ…..
နင်သာ မေ့ဖို့ကြိုးစားပါ…..။
နင်သာ မေ့ဖို့……ကြိုးစားလိုက်ပါ…။ ။

Comment #4
နင်ကိုယ်တိုင်…..
မသက်ဆိုင်တော့ကြောင်း…..သတ်မှတ်ပြီးတဲ့နောက်ပိုင်း……
ခံစားရသမျှ အဝေးရောက်
မဆိုင်တဲ့ နင့်ထံအလွမ်းလည်း
ငါက မလိုချင်စွာနဲ့ နှင်လွှတ်တယ်
နင်သာ မေ့ဖို့ကြိုးစားပါ….။
တစိမ်းတစ်ယောက်လို

Comment #7
လူတိုင်းက အားကျ
နင်ဂုဏ်ယူခဲ့တဲ့ ငါ့ရဲ့အချစ်ဆုံးဘ၀ကို
ခုချိန်က စပြီး ငါဖျောက်ဖျက်လိုက်မယ်
နင်သာ မေ့ဖို့ကြိုးစားပါ…..။
မိုက်၏ ~

Comment #1
ကြိုက်သွားပြီ……