နင်….ပြန်လာခဲ့ပေးပါ….။ ။ ( Teardrop)
နင်….ပြန်လာခဲ့ပေးပါ….။
ငါတို့ အရင်ကလို
ချစ်ချစ် ခင်ခင် အတူရှိနေချင်လို့….။
နင်….ပြန်လာခဲ့ပေးပါ….။
နင့်အနား
မှားခဲ့သမျှတွေ ငါပြင်ဆင်ချင်လို့…..။
နင်….ပြန်လာခဲ့ပေးပါ….။
နင့်ရင်ခွင်ထဲက
ငါပေးခဲ့သမျှ ဒဏ်တွေ….ဖြေသာစေချင်လို့….။
နင်….ပြန်လာခဲ့ပေးပါ….။
ငါတို့အနာဂတ်
နားလည်မှုတွေနဲ့ တဖန်လှပစေချင်လို့…..။
နင်….ပြန်လာခဲ့ပေးပါ….။
နင့်အတွက် ငါပေးဆပ်
နေ့ရက်တွေကို အသစ်က ပြန်စချင်နေလို့…..။
နင်….ပြန်လာခဲ့ပေးပါ….။
နင့်အချစ်တွေကို သိတတ်
ငါ့ရဲ့လက်ရှိနောင်တမျက်ရည်တွေ…ခမ်းခြောက်စေဖို့….။
နင်….ပြန်လာခဲ့ပေးပါ….။
ဆုံးရှုံးရင်း အသိ
အဲ့ဒီ့ အရသာနဲ့ ငါ ဆက်ပြီး မရင်းနှီးချင်တော့လို့…..။
နင်….ပြန်လာခဲ့ပေးပါ….။
နင်ဆိုးသမျှ သည်းခံ
နင်ပြောသမျှ နားထောင်ရင်း
အရင်တုန်းက အချိန်တွေအတွက်
ငါ….အစွမ်းကုန် ဖြည့်ဆည်းပေးမလို့……။
နင်….ပြန်လာခဲ့ပါ….။
နင်….ပြန်လာခဲ့ပေးပါ….
နင်…..ပြန် လာ ခဲ့ ပါ တော့ ဟာ………….။
( 28 July 2011)ဆိုသည့် နေ့တစ်ခုအား မျှော်လင့်လျှက်……….။ ။
Teardrop
Comment #2
nice.

Comment #3
har,,,,,,,,,,,,
be hma ma twar tar g ko be ka nay pyan lar pay ya hmar le.
koh bar tar ko hoe a way g ko like kyi nay p dot myar,
bay hmar ngoke toat a shin lat lat g shi tay de.

Comment #4
တိုက်ဆိုင်မှုများစွာဖြင့်…အထူးနှစ်ခြိုက် အားပေးလိုက်ပါသည်

Comment #5
နင်……..ပြန်လာခဲ့ပေးပါ…..။
နင့်အချစ်တွေကို သိတတ်
ငါ့ရဲ့ လက်ရှိနောင်တမျက်ရည်တွေ…….ခမ်းခြောက်စေဖို့…….။
ကဗျာလေးကို အရမ်းကြိုက်ပါတယ်

Comment #6
နောက်လည်းပေးပို့ပါဦး

Comment #7
နင် ပြန်လာ ခဲ့ ပါ တော့ ဟာ…….. လို့
ဒီကဗျာ လေး နဲ့ ငါ မျော် နေမယ် … နော် ..
ကဗျာ ဆရာ ရယ် ကျေးဇူး ပါ နော်…။

Comment #8
🙂

Comment #1
နင်….ပြန်လာခဲ့ပေးပါ….။
နင့်အချစ်တွေကို သိတတ်
ငါ့ရဲ့လက်ရှိနောင်တမျက်ရည်တွေ…ခမ်းခြောက်စေဖို့….။
နင်….ပြန်လာခဲ့ပါ….။
နင်….ပြန်လာခဲ့ပေးပါ….
နင်…..ပြန် လာ ခဲ့ ပါ တော့ ဟာ………….။