မသေချာသော
ခြေသံတွေ ကြားနေရတယ်…
နီးခြင်းအတွက်လား
ဝေးခြင်းအတွက်လား
မရေမရာ…
လည့်ကြည့်လိုက်တော့လည်း
အနားမှာ မရှိဘူး…
ရင်ခုန်သံတွေ မြန်နေတယ်…
ရင်ခွင်အစုံကို
နွေးထွေးစေမှာလား
အေးခဲစေမှာလား
ရင်ထဲက ပုံရိပ်တွေတော့ ဝေဝါးနေဆဲ…
အကြည့်တွေ စူးရှနေတယ်…
လှိုက်လှိုက်လှဲလှဲလား
အပေါ်ယံလား
မင်းနှလုံးသားရဲ့ အသံ
မင်းပဲ ကြားနိုင်မယ်…
ဆက်ဆံရေးတွေ အဆင်ပြေဖို့
လိုက်လျောမှုတွေမလို
တင်းမာမှုတွေမလို
ဒါပေမယ့်
မင်းစေတနာတော့
မင်းကို ရောင်ပြန်ဟပ်မှာပဲ…
အတွေးတွေ နယ်ချဲ့ နေတယ်…
ကောင်းတဲ့ဘက်လား
ဆိုးတဲ့ဘက်လား
မင်းအတွေးပေါ်မူတည်
မင်းခံစားချက်တွေဖြစ်တည်
မင်းအမူအရာမှာလည်း ထင်ဟပ်လာလိမ့်မယ်…
ပြဿနာတွေ ဖြစ်နေတယ်…
မင်းကြောင့်လည်း မဟုတ်ဘူး
သူ့ကြောင့်လည်း မဟုတ်ဘူး
မတူညီတာကိုက သဘာဝ
မညှိနှိုင်း နိုင်တောင်
မတူညီတာကို သိရင်
အဆင်ပြေတယ်…
မာနတွေရှိတယ်…
ကိုယ့်ကို ထိခိုက်ရင် မခံနိုင်သလို
သူ့ကိုထိခိုက်ဖို့လည်း မစဉ်းစားပါနဲ့
လူကိုမလေးရင်နေပါ
မာနကိုတော့ အထင်မသေးပါနဲ့…
မရေရာမှုတွေကြား…
စိတ်တွေပင်ပန်းနေရမှာလား…
မမြဲခြင်းဆိုတာ သဘာဝ…
ငါတောင် မနက်ဖြန် ဆက်ရှိဖို့ သေချာရဲ့လား…
Comment #2
မာနတွေရှိတယ်…
ကိုယ့်ကို ထိခိုက်ရင် မခံနိုင်သလို
သူ့ကိုထိခိုက်ဖို့လည်း မစဉ်းစားပါနဲ့
လူကိုမလေးရင်နေပါ
မာနကိုတော့ အထင်မသေးပါနဲ့…
မရေရာမှုတွေကြား…
စိတ်တွေပင်ပန်းနေရမှာလား…
မမြဲခြင်းဆိုတာ သဘာဝ…
ငါတောင် မနက်ဖြန် ဆက်ရှိဖို့ သေချာရဲ့လား…
အားပေးသွားတယ်နော်
ကဗျာလေးကအရမ်းကောင်းတယ်
Comment #3
so much perfect.
Comment #1
so nice
I like it so much 🙂