လှည့်စားမှု၏ နောက်ကွယ်
ငါ့ဆီမှာ အသုံးမဝင်နိုင်ပေမယ့်
မာနတော့ရှိတယ်…
ငါ့ဘဝမှာ အရှုံးမပေးဘူးဆိုပေမယ့်
ကျရှုံးမှုတော့ရှိတယ်…
ငါ့နှလုံးသားမှာ ခါးသီးနာကျည်းမှုနဲ့ တည်ဆောက်ထားတဲ့
လျစ်လျူ ရှု မှုတွေရှိတယ်…
ငါ့ကိုငါ ပျော်ရွှင်မှုတွေနဲ့ ဖုံးကွယ်ထားတဲ့
အထီးကျန်မှုတွေရှိတယ်…
ငါ့ဘာသာငါ အားတင်းတည်ဆောက်ထားတဲ့
ငါ့အတ္တတွေ ရှိတယ်…
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
oh,,,,,,,,,,,
so sorry to hear that.