မသေချာ ခြင်း အတွက်….
မင်းဆီက မသေချာတဲ့
သုည တစ်ခုကိုတောင်မျှော်နေရတဲ့
ငါ့ ဘ၀..။
ငါ့ အတွက် “တစ်”ဆိုတဲ့ အရာက
ဘယ်တော့လဲ….။
စောင့်နေပြန်တော့လည်း
ဆုံမှတ်က တစ်ခြားဆီ..။
မျဉ်းပြိုင် နှစ်ကြောင်းလို ဖြစ်နေတဲ့
မင်းအတွက် ငါ့ရဲ့ အချစ်က
သိမ်းထားရမှာလား?
ဖွင့်ထုတ်ရမှာလား?
မသိဖြစ်နေတာ….
နောက်ဆုံး အဖြေက ရော
မသေချာခြင်းနဲ့
မျဉ်းပြိုင်နှစ်ကြောင်းလို
မဆုံ နိုင်ခြင်းလား ??
ဒါပေမဲ့
ငါ့အတွက်တော့
ရက်စက်ခြင်း နဲ့ ဥပေက္ခာပြုခြင်းတွေ
မပေးလိုက်ပါနဲ့နော်…။
ပေးဆပ်ခြင်းနဲ့ ဘေးထွက်ပြီးနေရလည်း
မသေချာ ခြင်းတွေ နဲ့ နေရတဲ့
ဘ၀က ပိုပြီး
မြတ်တယ်လို့ ငါထင်မိတယ်..
ချစ်ရတဲ့ ကောင်မလေး၇ယ်..။
Comment #2
ဒီကဗျာလဲကောင်းတာပဲ

Comment #3
Oh..oh…
Kwat to be kwar.

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အားပေးလျက်ပါခင်ဗျာ …။