ကျွန်တော့်ဘ၀ ညမဟုတ်တော့ရင်…..
ကျွန်တော့်ဘ၀ ညမဟုတ်တော့ရင်…..
ကျွန်တော့်ဘ၀က ည
ပြည့်ပြည့်စုံစုံပြောရရင် အလင်းမရှိသောည….ကြယ်တွေမစုံည…လမိုက်ည…အမှောင်အတိပြီးသောည….ပိုးစုန်း
ကြူးတို့ ပျောက်ကွယ်တဲ့ည…..ဒီထက်ပိုဆိုးတာက လျှပ်စစ်မီးပါ ပျက်နေတာ….ဘယ်အရာမှ မပီပြင် မထင်ရှား အရာအားလုံး
ဝိုးတ၀ါး…လူတိုင်းငြင်တဲ့ ည…လူတိုင်းကြဉ်တဲ့ ဘ၀…..
ဒီလိုဘ၀..ဒီလိုညထဲကလူ….
သူလား..?
သူ့ ဘ၀လည်း ည ပါဘဲ..
ဒါပေမယ့် ကျွန်တော့်ဘ၀နဲ့  ဆန့်ကျင်ဘက် ည ပေါ့
ပြည့်ပြည်စုံစုံပြောရရင် အလင်းရောင်တွေနဲ့ည …ကြယ်တွေစုံတဲ့ည…လမင်းတစ်ရာ သာသောည…ပိုးစုန်းကြူး
တို့ ပျော်မြူးသောည….အထူးသဖြင့် လျှပ်စစ်မီး မှန်သောည..မြို့ ပြည…လူတိုင်းတောင့်တတယ်..လိုလားတယ်…
ဒီလိုဘ၀…ဒီလိုညတွေထဲက သူ….
ကျွန်တော်နဲ့ သူ နဲ့ လေ…..
မထင်မှတ်ခြင်း လမ်းမပေါ်မှာ နှလုံးသားခြင်း ၀င်တိုက်မိကြတာပေါ့…ဘယ်လိုပြောရမလဲ…ကျွနန်တော့်တို့ နှစ်ယောက်ရဲ့  နှလုံးသားတွေ အရမ်းခုန်လို့ …..အလုံပိတ်ထားတဲ့  အသံသေတ္တာတွေကို ဖွင့်ကြည့်တော့ ဆွံ့ အမှုတွေက တနင့်တပိုး….
နှစ်ယောက်သား အချစ်ရဲ့  ဖြူစင်သန့်  ရှင်း တဲ့  ၇နံ့  ကို မိန်းမော သွား ကြ တာ …..သူ ဟာ ကျွှန် တော့် ဘ၀ရဲ့  လိုအပ်နေ တဲ့ 
အလင်း ရောင် တ ခု မို့  ခဏတာမက်ခွင့်ရတဲ့ အိပ်မက်ဆိုလည်း ကျွန်တော် မက်လိုက်မယ်ဗျာ…သူ့ ကိုပိုင်ဆိုင်ခွင့်ရဖို့ ..ထာဝရ ထွန်းလင်းပေးဖို့  ကိုလည်း မမျှော်လင့်ရဲခဲ့ ပါ ဘူး….ကျွန်တော်တို့  ခံစားချက်တွေ ထပ်တူကျခဲ့ကြတယ်ဗျာ…ကျွန်တော်တို့ အချစ်တွေဟာခိုင်မြဲလို့ ..ဘယ်တော့မှ မဝေးဘူးလို့ ယုံကြည်ခဲ့ကြတာ…..
ဒါပေမယ့်ဗျှာ…ရင်ခုန်သံတွေမြစ်ဖျားခံတဲ့  အချစ်ရဲ့ စီးဆင်းမှု အဆုံးသတ်ဟာ ဘာ လဲ….
ကျွန်တော်တို့  သံယောဇဉ် အထပ်ထပ်နဲ့  ရစ်ပတ်ခဲ့တဲ့ ဒီကြီုး…..
ယုံကြည်မှုတွေ အထပ်ထပ်နဲ့ ပုံလောင်းတည်ဆောက်ခဲ့တဲ့ ဒီကြိုး….
အရာရာနားလည်မှုတွေနဲ့ ဘယ်သူမှဖြတ်လို့ မရတဲ့  ဒီကြိုး ….
ကံစီမံရာ ဓါးတစ်လက်ထဲနဲ့  ဖြတ်တောက်ခံလိုက်ရတဲ့ နောက် ဆုံးတော့ …….
ကျွန်တော့်ဘ၀က ည
ပြည့်ပြည့်စုံစုံပြောရရင် အလွမ်းတွေ ထွန်းလင်းတဲ့ည…၀မ်းနည်းမှုတွေသာယာသောည…တမ်းတမှုတွေ လောင်ကျွမ်း
တောက်ပသော ည…အထီးကျန်မျက်ရည်တွေ အိတ်ပေါက်တဲ့  ည….ဆွေးမြေ့မှုတွေ နရီခတ်တဲ့ ည..ငိုကြွေးည…ကြေကွဲည…
ဒီလိုဘ၀ ဒီလိုညတွေထဲမှာ ကျန်ခဲ့တယ်…
သူလား ?
ကျွန်တော်ရှာနေတုန်းပဲ..
တစ်နေ့နေ့တော့ တွေ့ရမှာပေါ့
ကျွန်တော့်ဘ၀ ည မဟုတ်တော့ရင်လေ………..။ ။
မင်းအိမ်
Comment #1
ကောင်းပါတယ်ဗျ..အားပေးလျှက်ပါ