မိုနိုပိုလီ
ဘူတာမရှိတယ့် ကားဂိတ်တိုင်းမှာ
ရထားမျှော်ခဲ့မိတယ်…
ကောင်းကင်ကြီးညိုလို့
ဇင်ယော်တွေကြိုမယ့် ပင်လယ်ပြင်မှာ
ထွန်ယက်စိုက်ပျိုးဖို့
တက်မရှိလည်း လက်နဲ့လှော်ခဲ့တယ်…
ချွေးနဲ့ သွေးနဲ့ ရေးမယ့် သမိုင်းမှာတော့
ကမ္ဗည်းတင်ဖို့ ငါ
ကလောင်သွေးနေမိချေရဲ့…
ဘဝဆိုတယ့် ဇာတ်ဝင်တေးမှာ
ငါသာပါဝင်ခဲ့ရင်
မိုနိုပိုလီကစားချင်ရဲ့…
အရိုင်းသွေးနဲ့ တောနက်ထဲလည်း
ငါစူးစမ်းချင်သေးတယ်
နှင်းပန်းတွေနဲ့ ဥယျာဉ်ပျိုမှာလည်း
တမှေးအိပ်ချင်တယ်
ဒါပေမယ့် ငါသေရင် ငါ့နေမယ့်
မြေတစ်နေရာကို ရွေးဖို့
အုပ်ဂူစာတွေလိုက်ဖတ်ဖူးတယ်…
ဘဝနဲ့ချီမယ့် သမိုင်းတင်ပွဲမှာ
သတိထားစရာ တစ်ခုတော့ရှိတယ်
ယှဉ်ကစားမယ့် သူတို့လည်း
ကိုယ်ပိုင်ကလှောင်သွားနဲ့
မြို့ပြတွေ ထွန်ကျူးကြလိမ့်မယ်
ဒါပေမယ့်…
ငါမသေခင် မြေတစ်နေရာတော့
ပိုင်ဆိုင်နိုင်ချင်ရဲ့…။
……………………….မြူမင်းသွင်
Comment #2
မသေခင်တော့ မသိဘူး သေရင်တော့ မီးမသဂြိုလ်ရင် ပိုင်ရမှာပေါ့ မြေတနေရာလေ 🙂
Comment #1
အနော်လို့ပဲ
အုတ်ဂူစာတွေ လိုက်ရှာနေသူတွေ ရှိမယ်လို့ထင်ပါတယ်