ချစ်ဖူးသူသို့ အမှာစာ….။
ငါ မသိချင်တော့ပါဘူး
နင့်အလွမ်းတွေ ဘယ်လောက်တောင်များလဲ ဆိုတာ…..
နင့်စကား အယုအယတွေနဲ့
ငါ့ အိပ်မက်တွေ ရူးခဲ့ရပေါင်းလည်း များပြီ….။
ငါမမုန်းနိုင်တာ သေချာပေမယ့်
တမ်းတရင်းနဲ့ စိတ်မချရတဲ့
နင့်ချစ်သူဘ၀ကတော့
ငါ…….လွတ်မြောက်ချင်မိတာ အမှန်………..
တစ်ခုခုကြောင့် ငါ စိတ်ကောက်တိုင်း
ငါ့ခေါင်းလေးကို အသာအယာပုတ်
နင်…နှုတ်ခမ်းကိုက်ရင်း ပြုံးပြတတ်တဲ့
ဒီလို အမူအကျင့်မျိုးနဲ့
တခြားသူကိုပါ ချော့မြူနေမုန်း ငါတွေးမိရင်
ရင်နင့်အောင်လည်း ခံစားရပါတယ်…..။
မီးစိမ်းနေတဲ့ နင့်အကောင့် gtalk list ထဲ
ငါမဟုတ်တဲ့ သူကို
ငါပျော်ဝင်ဖူးတဲ့ စကးတွေနဲ့ အမိအရ နင်ချည်နှောင်
နင်နှုတ်ဆက်ဖို့ သတိမရတဲ့ငါ
အဲဒီ့အချိန်တွေဆို …..
မြူမှုန်လိုတောင် ပပျောက်သွားလိုက်ချင်…..။
ငါ ဥာဏ်ရှိသလောက် ချစ်ကြောင်းပြော
ငါ တတ်သိသလောက် ကဗျာတွေစပ်
ဒါတွေက နင့်အတွက်
တစ်ဦးတစ်ယောက်ထံ
Copy Paste ချဖို့လောက်ပဲ အသုံးကျခဲ့တယ်ဆိုရင်
နာကျဉ်ရမှန်းမသိအောင်လည်း
ငါ့နှလုံးသားက ထုံကျဉ်နေရတယ်…..။
ငါက နင့်အတွက် ဘာတဲ့လဲ…..?
မ၀ံ့မရဲတွေးမိတိုင်း
သွေးအပျက်ပျက်နဲ့ အက်ကွဲခဲ့တဲ့ ရင်ခွင်က အနာ
ခုဆိုရင် ၃ နှစ်ကျော်တောင် ချို့တဲ့ခဲ့ရပေါ့……။
ငါ…….
နင့်ကို နှင်ခဲ့တဲ့ ရာသီထဲမှာ
မပျော်ရွှင်နိုင်တော့လည်း
တစ်ယောက်တည်းပဲ ခရီးဆက်လိုက်တော့မယ်……။
ုပြန်လာခွင့်မရှိတဲ့ အကြောင်း
နင်တစ်ယောက်ကြားသိတဲ့အခါ…..
နောင်တတွေ ကင်းကင်းနဲ့ ရှေ့ဆက်လိုက်ပါ…..။
သက်မဲ့ရုပ်မဟုတ်တဲ့ ငါကို…….
စက်ရုပ်တစ်ရုပ်ဖြစ်အောင်
ပြုစားနိုင်ခဲ့……
နင် အစွမ်းထက်ခဲ့လည်း……..
ငါ့အချစ်မျိုးလိုတော့
နင်…..ဘယ်တော့မှ ထပ်ရဖို့ မမျှော်လင့်လေနဲ့ …..။
နင့်အတွက်ဆို…..ပေးဆပ်ခဲ့သမျှအရာရာတွေက
ဘယ်သူနဲ့မှလည်း မတူအောင်
ထူးခြားခဲ့တယ်ဆိုတာ…..
…….နင် တစ်ယောက်…..သိခဲ့မှာပါ….။
အလွမ်း
11 May 2011 (9:50AM)
Comment #1
နင့်အတွက်ဆို…..ပေးဆပ်ခဲ့သမျှအရာရာတွေက
ဘယ်သူနဲ့မှလည်း မတူအောင်
ထူးခြားခဲ့တယ်ဆိုတာ…..
…….နင် တစ်ယောက်…..သိခဲ့မှာပါ….။
ဟို….. ကောင်းလိုက်တာ အလွမ်း…