ရုပ်သေး။
ရုပ်သေး။
ဟုတ်တယ်……….!!!!!!
တစ်ခါက “”ည”” မှာ
“”လရောင်””..တွေ “”အမေ့ သွေးစက်”” နဲ့ အတူ
ငါ့ကို စားသုံးတယ်………..
ငါက စားသုံးတယ်………..။
အဲ့ဒီလိုဘဲ………
တစ်ခါက “”နေ့”” မှာ
ဖြာကျလာတဲ့ “”မနက်ခင်း နေခြည် နုနု”” နဲ့ အတူ
“”အဖေ့ လက် ကိုဆုပ်ကိုင်ရင်း””…နဲ့
ငါ့ကို စားသုံးတယ်……..
ငါက စားသုံးတယ်……….။
ဒါပေမယ့်………
ကြက်ဥခွံ တွေ နဲ့ “”အချိန်များစွာ””ကို အုပ်ထားရတဲ့
“”ဒီနေ့”” မှာ
အပေါ်ယံ အလွှာ ပါးပါးလေး မကွဲဖို့……..
မအက်ဖို့…..
နာရီရဲ့ “”ပြောင်းလဲမှု့”” တွေကို ထိမ်းချုပ်ရ ဖို့ကို
“”အမေ့သွေး နဲ့ လရောင် “”
“” အင်အားပေးတဲ့ အဖေ့လက်””
မွန်မြတ်မှု့ မရှိခဲ့တဲ့ “”ဒီရက်”” တွေ အတွက်
(တကယ်တော့)
တစ်ခါက ခံစားမှု့တွေက “”လျစ်လပ်”” ခဲ့ပြီ
“”လက်ရှိ ဘ၀အတွက် “”………
ငါ…ဘာကိုမှလည်း ပြန်မရဘူး……….၊
ဘာနဲ့ မှလည်း မထိမ်း နိုင်တော့ဘူး……….၊
သူတို့က ငါ့ကို စားသုံးတယ်…………….
ငါက သူတို့ကို စားသုံးခံတယ်……………၊
“”အမေ့သွေး နဲ့ အဖေ့လက်”” အတွက်
ကျွန်တော် “”တောင်းပန်ပါတယ်””…………………။ ။
ကကြီး၁၃။ [email protected]
(11.5.11)