ညဈေးပွဲခင်းနဲ့ ငါ
အချစ်တွေ
ရေတွင်းတစ်လုံးနဲ့
ခပ်သုံးလို့မကုန်သူတွေရဲ့ည
အသွေးအသားကို
ဈေးအနည်းအများ ညှိပြီး
ရောင်းဝယ်နေကြတယ်။
လေပြေလေအေးတွေနဲ့
အထပ်မြင့်အလွှာတွေတောင်
ညှီဟောက်ချွဲငန်း
ငရဲခန်းအလားပါပဲ။
တကယ်တော့
လေကောင်းလေသန့်
ရှူမယ်ဆိုပြီးတက်သွားတဲ့ ငါ
ရာဂအခိုးအငွေ့တွေနဲ့
ဖိသိပ်ပုံသွင်းထားတဲ့
ဒြပ်ထုတစ်ခုလို မွန်းကြပ်
အထပ်မြင့်တွေက
ခုန်ချလိုက်တော့မှပဲ
ရာဂပုံဆောင်ခဲတွေ အက်ကွဲ
ဖရိုဖရဲနဲ့
အရင်က ငါ ကို ပြန်ရခဲ့တယ်။ ။
သြဂုတ် ၂၆၊ ၂၀၀၀ အမှတ်တရ
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service