အတ္ထုပ္ပတ္တိ
ဝင်ခဲ့ပါ…
လေ့လာဖို့သက်သက်
ဖွင့်ထားတဲ့ စိတ်နှလုံးနဲ့
ဖိတ်ခေါ်ပါတယ်…။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ
ဒါတွေကို လက်ခံပြီးသားငါ…
လောကဓံ
ဒူပေဒါပေ ခံခဲ့ဖူးတယ်..။
အခုတော့
လှေခါးတစ်စင်း
ငါကိုယ်တိုင်ပဲ ထွင်းထုနေလေရဲ့…
နှစ်သိမ့်ဖော်သက်သက်
ငါ့မြတ်နိုးသူကို တောင့်တတာပါ
ခြေဖ၀ါးတော်နုနု
သွေးခြေတော်ဥမှာပဲ စိုးရဲ့…။
ကောင်းကင်ထဲကကြယ်တစ်စင်း မဟုတ်ခဲ့ရင်တောင်
ခူးဆွတ်ဖို့ ကြိုးစားနေသူပါ..။ ။
written around 2002
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service