မုတ်သုံ
အပွင့်မရှိတဲ့
ပိတောက်ပင်လေးက
မြစ်ကို ဒီလိုပဲ
တစ်သက်လုံးငေးကြည့်နေမှာလား။
သဲလွန်စဆိုလို့
သဲပွင့်တစ်မှုန်တောင်မထတဲ့
သောင်ပြင်ကြီးကလည်း
အချစ်ကို မျိုသိပ်နိုင်လွန်းတယ်။
လောကသုံးပါး ၊ ဥတုသုံးပါး
အရွယ်သုံးပါးမှာ
အကွေ့အချိုးတွေများလွန်းတော့
ရေစီးသံက မနွဲ့နှောင်းဘူး။
လေညင်းကို အပိုင်ရလိုမှုနဲ့လေ
အငြင်းပွားကြတယ်
စွန်လွှတ်နေတဲ့ ကလေးငယ်တစ်စုနဲ့
ရွက်လှေတစ်ချို့။ ။
မောင်သိန်းဇော်
(ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း 5 / 2010)
(http://stoneinstomach.multiply.com/journal/item/99 မှကူးယူဖော်ပြပါသည်။)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service