“အချစ်ကံကြမ္မာ”
မြင်ရတာက တစ်ခဏနဲ့ ရင်ဝ ကို လာဆောင့် သလား….
တွေ့ချင်ပေမဲ့ စိတ်ကိုပင် သနားမိပါရဲ့….
ဝေးလေပြီ…တစ်မြေခြား..ဆွေးမည်တောင် မပြုရသေးပါလား..
သြော် ချစ်သူ ရယ်….ပြောချင်သည် ကိုယ့်စကား…
အများအမြင် ကို…တကယ်.ဖျားနေပြီလား…
အချစ်သည်…ဒီလိုလားရယ်လို့
ကိုယ့် အထင်ေ၀၀ါးနေတာလား…
မတွေ့ရင်..ကိုယ်အမှားတွေ လားရယ်လို့ ..
တောင့်တစိတ်ထား…
ချစ်လျှင်…တကယ် လာပါလားရယ်လို့ …
တွေ့ချင်လျှင်..တကယ် အနီးလေးပါလားဆိုလို့….
ပြောရက်လိုက်ပါ တကား….
စိတ်ကိုလေ..စေရာခိုင်းပါလို့…ကိုယ့်ကိုကိုယ် မှိုင်ကာထားရပါတော့တယ်..
ဝေးလေလေ…နီးချင်လှပြီးမို့ ….ကံကြမ္မာရယ်..မတရားဘူးရယ်ဟု..
ဆွေးလေပြီး..သခင်မှာဖြင့်…ချစ်သူဆီ..သ၀ဏ်ပါးပါလို့…
အချစ်သည်..တကယ်ဆန်းပါလား..ကိုယ့်ကိုလေ…အမြင်မမှားပါရယ်လို့..
ကံကြမ္မာရယ်..တကယ်ခါးပြီလားဟု…..လွမ်းလို့ရင်မော….။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service