အဝေးသို့””နီးနေခြင်း””။
အဝေးသို့””နီးနေခြင်း””။
ဖျားယောင်းမှု့ကို “”ကျွန်တော် မုန်းတယ် “”။
ဒါပေမယ့်…….
ဟို တစ်ညက “” လရောင်မှာ ကျွန်တော် ဖျားယောင်းခံရတယ် “”။
“”စောင့်ဆိုင်းခြင်းကို ကျွန်တော် မုန်းတယ် “”။
ဒါပေမယ့်……..
မနက်….မနက်…ဆင်းရဲခြင်းတွေကို ဖာထေး ဖို့
“”အပ်တစ်ချောင်း အတွက် “”
ဘ၀က “”ကျွန်တော်ကို ကားမှတ်တိုင်မှာ….
စောင့်ဆိုင်းခိုင်းခဲ့တယ် “”….။
“”အကြောင်းပြတဲ့ စကားလုံးတွေ ကို ကျွန်တော် မုန်းတယ်..””။
ဒါပေမယ့်…….
နေ့စဉ် ထမင်း တစ်နှပ် ကို ထုပ်ပိုးရတဲ့ ရက်မှာ
“”ငွေစက္ကူ တွေက”” ကျွန်တော် ကို အကြောင်းပြခိုင်း ခဲ့တယ်.””..။
နောက်ဆုံးမှာ…….
ကျွန်တော် “”မုန်းတယ်”” ဆိုတာ ကိုလဲ “”မုန်းတယ်””…””။
ဒါပေမယ့်……….
ကျွန်တော် “”မုန်းတယ်..”” ဆိုတာကိုလဲ အမြဲပြောနေခဲ့ တယ်…..
“”ကျွန်တော်ကိုယ် ကျွန်တော် “”မုန်းတယ်..””…..”” ။ ။
ကကြီး။(၁၁.၅.၁၁)
Comment #1
ကိုယ့်ကိုကိုယ်တော့ မမုန်းပါနှင့် ဖြစ်နေတာတွေက သူ့သဘောသူဆောင်နေပြီးဖြစ်နေမှာပဲလေ