Professional Authors

ရတနာ(၁၅)

ရတနာ(၁၅)

ပြာရီဆိုင်းဆို့၊ မိုင်းညို့ညိုမှောင်
ဟိုး … တောင်ကခြိမ်း
လျှပ်နွယ်ယိမ်းက၊ စိမ်းမြတဲ့ရက်
စက်တင်ဘာရဲ့ မနက်တွေမှာ
သံယောဇဉ် ရာသီဟာ စခဲ့
ဘဝရဲ့ အတိုင်းအတာနဲ့
နှိုင်းစာနင့်သီး အချစ်ကြီးချစ်ခဲ့မိပါတယ်။

နွေးထွေးသော မိုးစက်
မျက်နှာကို ပက်စဉ်ပြီး ခွဲခွာ
ရာသီပိတောက် နှစ်ကြိမ်ပွင့်
ဥသြနှင့်အတူ
အပူသည်ရဲ့ သောက
ဘယ်သူလည်လို့ ပြောပြဝံ့မလဲ
ရင်ထဲကအလွမ်း
ရင်ထဲမှာပဲ ကျွမ်းပါစေတော့
လာလေ … လာလေလို့ မခေါ်ရက်
အခေါ်ခက်အလာခက်တဲ့ ခရီးမှာ
အနီးဆုံးလူလဲ
အချစ်ရယ် … အဝေးဆုံးကို ခွဲရတတ်တာ
သဘာဝ တစ်ခုပါလားကွယ် …

တွယ်မက်နှောင်ပတ်၊ ချစ်တတ်ခြင်းတည့်
ဖြည့်ဆည်းရုံသက်သက်
ညဉ့်နက်နက် ခရီးဖြစ်လျှင်
ပင်လယ်ပြင်မှ၊ မီးပြတိုက်လို
လိုက်ခွင့်ကိုမရ၊ ဖြာကျသွန်စီး
အကြင်နာမီးမောင်း၊ လမ်းကြောင်းပြညွှန်
နေခဲ့ကျန်ဝံ့၊ တစ်ဖန်သစ်သစ်
လွမ်းခဲ့ရစ်ရုံ …
အချစ်နောက်ချန် မေ့ထားလိုက်။ ။

Comment #1

လာလေ … လာလေလို့ မခေါ်ရက်
အခေါ်ခက်အလာခက်တဲ့ ခရီးမှာ
အနီးဆုံးလူလဲ
အချစ်ရယ် … အဝေးဆုံးကို ခွဲရတတ်တာ
သဘာဝ တစ်ခုပါလားကွယ် …

commentinfo By: May Kha at Nov 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment