ဟန်ရေး – နရီထက်
စည်းချက်ညီညီ ကပြချင်တယ်
ခြေလျှော်လှဲတော့
စကားလုံးတွေက အလျော်အစားများတယ်
ဟန်ဆောင်ခြင်းတွေက
ရင်မှလာတဲ့ ဗလာပြဇာတ်တွေပါ
ကန့်လန့်ကာ အရှေ့မှာ တစ်ခန်းရပ်တွေ ကျန်ပါ၏
တကယ့်တော့ ဟာသစကားလုံးတွေက
လူကို သေစေနိုင်တဲ့
အရင်တစ်ခါက ဒေါသမီးပွားလေးတွေပါ
ကြိုးတန်းပေါ်မှာ လမ်းလျှောက်ကြည့်တော့
အလယ်အလတ်ကျအောင် ထိန်းကြည့်၏
နရီထက်
( ၂၀ ၊ မေလ ၊ ၂၀၁၁ )
Comment #2
အားပေးသွားတယ်အကိုကြီး
အရမ်းကောင်းတယ်…
By: myintmo at May 23, 2011
Comment #4
ကျွန်တော်၏ ကဗျာများကို အားပေးဖတ်ရှုကြသော စာဖတ်ပရိသတ်များအား ကျေးဇူးဥပကာရ တင်ရှိသည်။
ကလောင်ရှင်
နရီထက်
By: Nayihtet at May 23, 2011
Comment #5
အရမ်းမိုက်တယ်ဗျာ
By: တင်ဆွေ at May 24, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အကုန်လုံး ကောင်းတယ် ဟန်ဆောင်ခြင်းတွေက
ရင်မှလာတဲ့ ဗလာပြဇာတ်တွေပါ အဲစာကြောင်းလေးလဲမိုက်တယ် ပိးတောကိုးတန်းပေါ်မှာ လမ်းလျှောက်ကြည့်တော့
အလယ်အလတ်ကျအောင် ထိန်းကြည့်၏။ အင်း အဲစာကြောင်းလေးလဲ မိုက်တယ်
လူတွေရဲ့  အပြောအဆိုတွေကို ဆင်ခြင်ဖို့  ဥပမာ ပေးတဲကဗျာလေး ပါ ကိုကြိး ဒိထက်ကဗျာလေးတွေ အမှားကြိးရေနှိင်ပါစေ