ဘ၀လွယ်အိတ်ထဲက တေလေတယောက်ရဲ.အိမ်စာ (မျော်လင့်ခြင်း)
လျော့တိလျော့ရဲဖြစ်နေတဲ့သံယောဇဉ် အများကြီးနဲ.ချည်နှောင်နေမဲ့အစား
ခပ်တင်းတင်းသံယောဇဉ် ကြိုးတချောင်းနဲ.ချည်နှောင်ပေးပါ
ပေါ့ပျက်ပျက် အလွမ်းတွေအများကြီးနဲ.လွမ်းနေမယ့်အစား
လေးလေးနက်နက် အလွမ်းလေးတခုနဲ. အိပ်ရာဝင်ပေးပါ
နှုတ်ဖျားက ချစ်တယ်ချစ်တယ်နဲ. ခရားရေလွှတ်သလိုပြောနေမယ့်အစား
ရင်ထဲကပေါက်ဖွားလာတဲ့ မြတ်နိုးပါတယ် ဆိုတဲ့ စကားလေးတခွန်းပြောပေးပါ
တကယ်တော့ သံယောဇဉ်ဆိုတာ ခပ်ပါးပါး သံမဏိကြိုးလေး
အလွမ်းဆိုတာ ချစ်တက်သူတွေအတွက် အိပ်ရာဝင်တမ်းခြင်း
အချစ်ဆိုတာ ရင်နာနာနဲ. ပေးဆပ်ရဲတဲ့သူရဲကောင်းတွေရဲ.မျက်ရည်
ခပ်တေတေ လူငယ်လေးတွေအတွက် ကြီးမားတဲ့ ရည်မှန်းချက်။(မျှော်လင့်ချက်)
ခပ်ထောထောလူကြီးတွေ အတွက်ညစ်စုတ်စုတ်ထောင်တန်တအုပ်
ခပ်ညံ့ညံ့မိန်းကလေးအတွက် ခန္ဓာအလှကိုငွေနဲ့လဲရဲတဲ့သတ္တိ
လူတကာလေးစားရတဲ့နပိုလီယံလို့စစ်သူကြီးမျိုးရဲ့တစ်ဘ၀တာအရှုံး
ဒီလိုမျိုးဖွင့်ဟချက်တွေများတဲ့အချစ်ကိုဘုရားသခင်ကတောင်မစားအပ်တဲ့အသီးအဖြစ်တားမြစ်ခဲ့သေးတရ်
ကိုအာဒံတို့ရဲ့ဘ၀အစမှာပေါ့
Comment #2
တကယ်တော့ သံယောဇဉ်ဆိုတာ ခပ်ပါးပါး သံမဏိကြိုးလေး
အလွမ်းဆိုတာ ချစ်တက်သူတွေအတွက် အိပ်ရာဝင်တမ်းခြင်း
အချစ်ဆိုတာ ရင်နာနာနဲ. ပေးဆပ်ရဲတဲ့သူရဲကောင်းတွေရဲ.မျက်ရည်
Comment #1
အရမ်းသဘောကျတယ်