ခရမ်းပြာဝိုင် (၉)
ခရမ်းပြာဝိုင် (၉)
တကယ်ဝေးပြီလား၊
ကြယ်ကလေးတွေလဲ မြေမှာကြွေ။
ဟန်ဆောင်ကာ မျှော်အကြည့်၊
အော် … ရှိပါစေ။
နှောင်းမြေ့မြေ့ ခက်ဝေဝေ၊
မျက်ရည်တွေ သူမတွေ့။
နေ့ညကြာ၊
မတွေ့ရတာ တာရှည်ပြီပဲ၊
ဗျာပွေချီ မြူငွေ့ရီတိုင်း၊
အပူဝေ့သီ ရင်မှာကြွယ်လို့၊
သူမေ့ပြီ ထင်ပါတယ်လေ၊
ကဗျာသယ်(သည်) နှင်ရာလမ်းကို၊
တခါကွယ် မြင်လာစမ်းပါလှည့်၊
လွမ်းကာရန် မပီမသအတွေးကို၊
ပန်းပမာဟန် သီလျပေးမယ်နော့၊
ညီမလေး ခရမ်းပြာရေ၊
လွမ်းတာရှည်မမေ့။ ။
ကဲ … အိမ ပူဆာလွန်းလို့ ရေးလိုက်ပြီ …
နောက်ထပ်လာဦးမယ် … မဖတ်လို့ကတော့ အသိပဲ …
Comment #5
ခရမ်းပြာဝိုင်တွေက..ကိုရီးယားဇတ်လမ်းတွဲတွေလိုပဲနော်…မျှော်တလင့်လင့်နဲ့..စောင့်ဖတ်ရတာ..
စိတ်ဝင်စားဖို့ကောင်းတယ်..
By:ူလေပြေ at May 30, 2010
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
မဖတ်လို့ကတော့ အသိပဲ..တဲ့. …မီးလဲဖတ်တယ်နော် (ကြောက်လို့ )