မင်းနဲ့ငါရဲ့ဒီနေ့ (Valentine)
ဒီနေ့ဟာ ငါနဲ့လုံးဝမသက်ဆိုင်တဲ့နေ့
ဒါပေမယ့် မင်းအတွက်အရေးကြီးတဲ့နေ့ ။ ။
ဒီနေ့ပွင့်တဲ့ နှင်းဆီပန်းတွေ မမွှေးကြိုင်ဘူး
ဒါပေမယ့် မင်းခြေရင်းမှာ ခစားနေကြတယ် ။ ။
ဒီနေ့ ငါ့ကိုကျွေးတဲ့ Chocolate တွေ
မနေ့ကတည်းက ပုပ်သိုးနေခဲ့တာလား ။ ။
ဒီနေ့မှာ ပြောကြတဲ့ I Love You ဆိုတာ
မနေ့က သေသွားတဲ့ မင်းအတွက်
ပြောကောပြောကြဦးမှာလား ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service