အိပ်မက်ကြမ်းမို့ပမ်းလုပြီ
ငါ့အိပ်မက်တွေ အဖြူရောင်ဆိုးဖို့
လျှောက်လှမ်းသမျှ ချောမွေ့ဖို့
ငါ့နှလုံးသားနဲ့လမ်းခင်းမယ်…။
ကြမ်းပါစေ ဘယ်လောက်ပန်းပန်း
အနုပညာတောမှာ
သားရဲတွေပေါချင်ပေါ
ငါ့ကဗျာက ရဲပါတယ်…။
အလင်းမဲ့ကဗျာ ငါ့ရင်မှာထွန်းလင်း
မုဆိုးတစ်မှောင့် သားရဲတစ်မှောင့်
ဘယ်ထောက်ချောက်မှာဘယ်သူမိခဲ့
ဘယ်တောင်မှာဘယ်လိုမှောက်ခဲ့
ဘယ်ကောင်ခြောက်ခြောက်
ငါ့ပန်းက လန်းပါတယ်…။
ရင်တစ်ချက်အဆို့မှာ
ငါပြို့လိုက်တယ်
မျှော်လင့်ချက်တွေ အန်ကုန်ပါရောလား
သုည(၀)ကပြန်စရမယ့်ဘဝ
ဒသမ(.)ရှေ့ရောက်ချင်ရောက်
ဒသမ(.)နောက်ပေါက်ချင်ပေါက်
ငါ့အိပ်မက်က ကြမ်းပါတယ်…။
ဇင်သော့