ကြီးပေါ
အငြင်းပွါးဖွယ်ရာအခြေအနေမျိုးတွေမှာ
ငါ့အမြင်အာရုံချို့ငဲ့မှုဟာထင်ရှားလာတတ်တယ်
အခြေအနေအကြောင်းကြောင်းရဲ့လှိုင်းလုံးများကိုအားယူဖြတ်သန်း
တစ်ဖက်ကမ်းရောက်ဖို့ကိုသာစိတ်သန်တတ်သူ။
ငါသွားတဲ့အရပ်ကအများနဲ့အပ်စပ်ပါ့မလား
ကိုယ့်မေးခွန်းများနဲ့ကိုယ်စိတ်ထွေပြားတတ်သူ။
ဘဝဟာ
မမြဲမြံမသေချာမှုတွေရဲ့ကျက်စားရာဖြစ်တယ်။
ဩမြိုင်
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service