နှင်တံမပါသော သိုးထိန်းလေး
ဓားရေးပြပြီး ဆန်တောင်းဖို့
ငါစာဖွဲ့တာ မဟုတ်ခဲ့ပါ…
အောင်မြင်မှုကို ခိုလှုံဖို့လည်း
မြင်းဇက် ကြိုးကို မလွှတ်ခဲ့ဖူးဘူး
ဓားချင်း မယှဉ်ရဲတာမဟုတ်ဘူး
အကဲ့ရဲ့မခံချင်လို့
လက်ခုပ်သံတွေကြားက သူ့ဓားရေးကလည်း
စစ်ထွက်လို့မရဘူး… စီးချင်းခုတ်လို့မရဘူး…
ကိုယ့်သိုးကိုယ်ကြောင်းရင်း
ကိုယ့်သမိုင်းကို ရေးပေမယ့်
ငါအိပ်ရင် ကျောက်ဖြာတစ်ချပ်ပဲ
နေကိုကြည့်မယ် တိမ်တွေကြည့်မယ်…
လွတ်လပ်တယ့် စိတ်တွေနဲ့
တစ်ယောက်တည်းပဲ စိတ်ကူးယဉ်မယ်
ရန်ဘက်ခြင်း မဟုတ်လို့
ရင်ဘတ်ခြင်းနီးပြီး
ဓားရေးလည်း တစ်ခါလေးမှ မယှဉ်ချင်ဘူး…
ငါက အောင်မြင်မှုကို ဆာလှောင်သူလည်းမဟုတ်ဘူး
လက်ခုပ်သံကြားမှာလည်း မပျော်ပွေ့ဘူး
ချီးမွမ်းမှုလည်း အရသာမခံတတ်ဘူး…
လည်ပင်းပေါ် ဓားထောက်ရင်တောင်
လည်စင်းပေးမိမှာပဲ…
ငါရေးတဲ့စာတွေက စီးချင်ထိုးဖို့မဟုတ်ဘူး
ဓားရေးဝင့်ဖို့လည်း မဟုတ်ဘူး
လွတ်လပ်စွာ တစ်ယောက်တည်း စိတ်ကူးယဉ်ဖို့…
ဓားလည်း မသွေးဖူးဘူး…
ဓားလည်း မရှိခဲ့ဖူးဘူး…
ကိုယ့်သိုးကိုယ်ကြောင်း ကိုယ်သမိုင်းကိုယ်ရေးပေမယ့်
ငါအိပ်ရင် ကျောက်ဖြာတစ်ချပ်ပဲ…
ဟောကြည့်! အရှေ့မိုးကောင်းကင်မှာ တိမ်တွေညိုလာပြီ…
ကျဆင်းနေတယ့် မိုးရေတွေထဲ
ကလေးတစ်ယောက်လို လွတ်လပ်စွာပြေးထွက်ခဲ့တယ်
ဓားမရှိလို့ မပူရဘူး… သံချေးတက်မှာ
မာန်မရှိလို့ မပူရဘူး… ကဲ့ရဲ့ခံရမှာ။
ဆား
Comment #4
ငါရေးတဲ့စာတွေက စီးချင်ထိုးဖို့မဟုတ်ဘူး
ဓားရေးဝင့်ဖို့လည်း မဟုတ်ဘူး
လွတ်လပ်စွာ တစ်ယောက်တည်း စိတ်ကူးယဉ်ဖို့…
Comment #5
တကယ်မွန်မြတ်တဲ့စိတ်လေးဘဲဗျ ဒါချီးကျူးတာမဟုတ်ဘူး စိတ်ထဲကလာတာပြောလိုက်တာ တော်ကြာကဗျာမှာရေးထားတာမမြင်ဖူးလားဖြစ်နေမှာစိုးလို့ပါ
ကဗျာ စ လယ် ဆုံး တစ်ပုဒ်လုံးပြောစရာစကားလုံးရှာမတွေ့အောင်ကိုကောင်းလွန်းတယ်ဗျ
အရေးအသားကိုလေးစားမိပါတယ် ။
Comment #1
အဲလိုတော့လဲ စိတ်မထားတတ်သေးပါဘူးးးးးးးးးး:(