စာခြောက်ရုပ် – နရီထက်
ခြောက်လှန့်တတ်ဖို့ သက်သက်
နေပူခံ ငါ့ဘ၀…
တိတ်ဆိတ်လွန်းတဲ့ ညတွေအလယ်
အဝေးကို မောင်းထုတ်တတ်ဖို့ အတွက်
ငါက အထီးကျန် ရပ်နေပေးခဲ့တယ်
လရောင်အောက်မှာ
ငါ့အရိပ်တွေက… မပျော်ခဲ့ဘူး
ဆွေးလွန်းဆောင်းနှင်းတွေကြောင့်…
ငါ့ကို ဦးထုပ်ဆောင်းပေးခဲ့ပေမဲ့
ငါ မရယ်တတ်ခဲ့ဘူး
အော်သံ တညံညံနှင့်
ဌက်ကလေးတွေအသံ
ငါ့ရင်တွေ ပူလောင်စေတယ်
ပြယုဂ်တစ်ရုပ် ငါ့ဘဝ
ငါ့သခင်တွေက
လက်ဆွဲ နှုတ်ဆက်နေကြတယ်
နေ့တစ်ဓူဝပါပဲ….
မိုးရည် ပြေပြေ
လေ အေးအေးလေးကြားမှာလည်း
ငါ့ မျက်ရည်ကျမပြခဲ့ဘူး
တစ်ချက်လေးတောင်
မဲ့ထေမနေတတ်ခဲ့ကြဘူး
ပြုံးတတ်အောင်လည်း
ငါ့သခင်တွေက သင်ပေးနေတယ်
လက်ဆွဲနှုတ်ဆက်တဲ့အခါတိုင်း…
ငါက အမိန့်နာခံတတ်သူလား
တကယ့်တော်ခဲ့သူတစ်ယောက်လား
သေချာ မစဉ်းစားချင်ဘူး
မနက်ဖြန်ကျရင်
ငါ့သခင်တွေက
ငါကို ထပ်ပြီး
လာ … လက်ဆွဲနှုတ်ဆက်အုန်းမှာလေး….။ ။
နရီထက်
( ၂၅ ၊ မေလ ၊ ၂၀၁၁ )
Comment #2
မိုးရည် ပြေပြေ
လေ အေးအေးလေးကြားမှာလည်း
ငါ့ မျက်ရည်ကျမပြခဲ့ဘူး
တစ်ချက်လေးတောင်
မဲ့ထေမနေတတ်ခဲ့ကြဘူး
ပြုံးတတ်အောင်လည်း
ငါ့သခင်တွေက သင်ပေးနေတယ်
လက်ဆွဲနှုတ်ဆက်တဲ့အခါတိုင်း…
ငါက အမိန့်နာခံတတ်သူလား
တကယ့်တော်ခဲ့သူတစ်ယောက်လား
သေချာ မစဉ်းစားချင်ဘူး
မနက်ဖြန်ကျရင်
ငါ့သခင်တွေက
ငါကို ထပ်ပြီး
လာ … လက်ဆွဲနှုတ်ဆက်အုန်းမှာလေး….။ ။ အဲ အပှဒ်လေးတွေကို အားကြိး ကြိုက်တယ် တော်တော်လေးလဲ ကောင်းတယ်။အဓိပ္ပါယ်ကို တော်တော်လေး သဘောကျတယ်ဗျာ..။
အရိမ်းခိုက်တယ်..။နော် ဆက်လက် အားပေးမယ်နော်။ အများကြိးရေးပေးပါ …နော် ဒိလိုကောင်းတဲကဗျာလေးတွေကို..း)
Comment #3
ကျေးဇူးပါ… ငါ့ညီ အစ်ကိုကြီး ဆက်လက် ကြိုးစားရေးသားနေမယ်….
Comment #4
အရမ်းကောင်းတယ်..အကိုကြီးကဗျာကတပုဒ်လုံးကိုကောင်းနေလို့ ဘယ်လိုပြောရမှန်းတောင်မသိဘူး..
တကယ်တော်တယ်အကိုကြီး…အားပေးတယ်ဗျာ..
Comment #5
ကျေးဇူးပါ… ငါ့ညီမလေး….
Comment #6
သည်ကဗျာသည် 2011 စက်တင်ဘာလထုတ် လင်းယုန်ဂျာနယ်( မလေးရှား)တွင် ဖော်ပြခြင်းခံရသည်။
Comment #1
မိုးရည် ပြေပြေ
လေ အေးအေးလေးကြားမှာလည်း
ငါ့ မျက်ရည်ကျမပြခဲ့ဘူး
တစ်ချက်လေးတောင်
မဲ့ထေမနေတတ်ခဲ့ကြဘူး
ပြုံးတတ်အောင်လည်း
ငါ့သခင်တွေက သင်ပေးနေတယ်
လက်ဆွဲနှုတ်ဆက်တဲ့အခါတိုင်း…
ငါက အမိန့်နာခံတတ်သူလား
တကယ့်တော်ခဲ့သူတစ်ယောက်လား
သေချာ မစဉ်းစားချင်ဘူး
မနက်ဖြန်ကျရင်
ငါ့သခင်တွေက
ငါကို ထပ်ပြီး
လာ … လက်ဆွဲနှုတ်ဆက်အုန်းမှာလေး….။ ။