အရောင်ဆိုးထားတဲ့ အတတ်ပညာ ( လူမော်ငြိမ်း )
ကောင်းကင်ကို မော့ကြည့်ရင်
တိမ်တွေ လွင့်နေတာကို မြင်ရမယ် ။
စိတ်ဓာတ်တွေ ကျဉ်းမြောင်းတယ်ဆိုတာ
သတင်းကောင်းတစ်ခု မဟုတ်ပါ ။
ဖြူအောင် စိတ်ကိုထား ဆိုတဲ့ စာသားကို
ဧည့်ခန်းနဲ့ စာရေးခုံမှာ ကပ်ထားသင့်ပါသလား ။
ဘာသာတရားက ဘယ်လောက်ပဲ ဆုံးမပေမယ့်
မွေးရာပါ အာရုံကြောတွေက အသုံးကျဖို့ လိုတယ် ။
ရိုးသားမှုမပါရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး ။
လူမော်ငြိမ်း
Thursday , May 26 , 2011
Comment #3
ကြိုက်လွန်းခိုက်လွန်းတယ်ဟေ့ မွေးရာပါအာရုံကြောတွေက အသုံးကျဖို့လိုတယ် မှန်လိုက်တာ အစ်ကိုရာ

Comment #5
ple let me share ko lu maw

Comment #6
ple let me share ,ko lu maw nyein

Comment #7
ကိုလူမော်ငြိမ်းကအမြဲတမ်း အတွေးတစ်ခုတော့ပေးတယ်… 🙂
ရိုးသားမှုမပါရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး လို့လက်ခံထားတဲလူတစ်ယောက်ထပ်ရှိနေသေးတဲ့အတွက်
ကျမ အထီးကျန်မဆန်တော့ပါဘူး ……… LIKE 🙂

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ရိုးသားမှုမပါရင် ဘယ်ဟာမှ အစစ်အမှန် မဟုတ်ဘူး ။
ကိုလူမော်ငြိမ်း…အားပေးနေပါတယ်။