အလင်းရောင်ပါတဲ့ ခြေသံ ( လူမော်ငြိမ်း )
ဘဝသည် အရေအတွက်အားဖြင့် နာရီပေါင်း ၃၅ဝဝဝ သာ ကြာ၏ ။
တိတ်ဆိတ်စွာ ကြွေကျသော ကြယ်တို့မှာ မရေမတွက်နိုင် ။
စီးဆင်းသော ရေရှင်ထက် တည်ငြိမ်သော ရေပြင်သည် ပုပ်လွယ် သိုးလွယ်၏ ။
လိုအပ်သော အတွေးအကြံ ၊ အပြုအမှုတို့မှာ ဤသို့သာ ။
သိမ်နုပ် ညံ့ဖျင်းသော စိတ်ဓာတ်တို့ကို ခွင့်လွှတ်ခြင်းဖြင့် အောင်နိုင်ရာ၏ ။
ထိတွေ့ဆက်ဆံမှု အလုံးစုံကို မေတ္တာဖြင့် စ စေ ၊ ပြီး စေမည် ။
ငါ၏ ( တစ်ချိန်က ) လေး နှင့် မြား ကို ( ယခု ) အပြီးတိုင် ရိုက်ချိုး လိုက်ချင်သည် ။
လိုနေသည်မှာ ဓမ္မတေးသံကို လွှင့်၍ ပန်း တို့ကို ရင်၌ ပွင့်စေရန် ။
လူမော်ငြိမ်း
Saturday , May 28 , 2011
Comment #2
စီးဆင်းသော ရေရှင်ထက် တည်ငြိမ်သော ရေပြင်သည် ပုပ်လွယ် သိုးလွယ်၏ ။
လိုအပ်သော အတွေးအကြံ ၊ အပြုအမှုတို့မှာ ဤသို့သာ ။
ွGOOD!
Comment #4
လိုနေတဲ့ဓမ္မပန်း ရင်မှာပွင့်လန်းနိုင်ပါစေ ကိုလူမော်ငြိမ်းရေ
Comment #5
တစ်ပုဒ်လုံးကြိုက်တယ်.. LIKE
ကျမ ..မဖတ်ဖြစ်သေးတဲ့ ကိုလူမော်ငြိမ်းကဗျာတွေ အများကြီးပါလား 🙁
Comment #1
ဖတ်ရတာ အတွေးတစ်ခု ရသွားတယ်
ကျေးဇူး….