သကျရူပံ ၏ အခြားတစ်ဖက် ( လူမော်ငြိမ်း )
စိတ်ကူးတွေကို မသတ်ပါနဲ့ ။
လေတစ်ချက် တိုက်ရုံနဲ့
ပန်းဆိုတာ ကြွေတတ်တယ် ။
နေကြတ် ၊ လကြတ် သလို
အနုပညာ ကြတ်တဲ့ အခါ
နာရီကို သည်းခံတတ်ဖို့ လိုမယ် ။
အတတ် ခွန်အား နဲ့
အကြည်ဓာတ် * ဟာ
လူ နဲ့ ဝန်းကျင် ပေါ်မှာ ရပ်တယ် ။
လွင့်သွားတဲ့ ဝတ်မှုန်တွေ …
အခွင့်အခါ မသင့်ရင်
နောက်တစ်ခါ ထပ် ပွင့်ဖို့ မလွယ် ။
အကြည်ဓာတ် * = ထူးအိမ်သင်၏ စကားလုံးတစ်ခု ။
လူမော်ငြိမ်း
Sunday , May 29 , 2011
Comment #2
အနုပညာကြတ်ရင် နာရီကိုသည်းခံတတ်ဖို့လိုတယ် ရင်ထဲကိုထိတယ်ဗျာ
By: မိုးသစ်လေပြေ at May 29, 2011
Comment #3
အားပေးသွားတယ်
ကိုလူမော်ငြိမ်း၇ဲ့ ကဗျာ တွေ ကို အားလုံး ကြိုက်၏
By: မယ်မနော at May 30, 2011
Comment #4
တခါတလေတော့ စိတ်ကူးတွေကို သတ်မိတယ် .. 🙁
By: ရွှေငါး at May 30, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
လွင့်သွားတဲ့ ဝတ်မှုန်တွေ …
အခွင့်အခါ မသင့်ရင်
နောက်တစ်ခါ ထပ် ပွင့်ဖို့ မလွယ် ။
(အရမ်းကောင်းတယ်.. ဆိုလိုရင်းသဘောကျတယ်)