ခင်ဗျားကို…..ကျုပ်…..မချစ်ဘူး!!!!!
နေပြင်းပြင်းပူ
နွေ တောက်တောက်ကျဲ ..
ဘ၀အမောနဲ့
ဘ၀အမောနဲ့
လောကဓံစုံ ခံစားရလည်း
တစက္ကန့်မှ မမေ့မလျော့
သတိတရနဲ့
သတိတရနဲ့
အတွေးပျက်ခဲ့ … တာကလွဲ..
ဟုတ်တယ်…. ခင်ဗျားကို…ကျုပ်မချစ်ဘူး။
မိုးသည်းသည်းရွာ
လျှပ်စီးတွေ တဖျတ်ဖျတ်လက်
အကြောင်းစုံကြောင့် နေရာမျိုးစုံ
ရောက်နေခဲ့လည်း
အသက်မဲ့စွာပြုံး ခင်ဗျားမရှိတဲ့
နေ့ရက်တွေထဲ …. အလွမ်းတွေသာသည်းခဲ့.တာလွဲ
ဟုတ်တယ်… ခင်ဗျားကို…ကျုပ်မချစ်ဘူး။
ဆောင်းခိုက်ခိုက်တုန်
မြူတွေ အုပ်ဆိုင်း..
နှင်းပြိုက်ပြိုက်ကျ
နှင်းပြိုက်ပြိုက်ကျ
လေပြင်းတွေ …. တိုက်
အမှောင်တွေ ဖုန်းအုပ်ခဲ့…
ခင်ဗျား မသိတဲ့ ကျုပ်ညတွေထဲ
အမှားတွေအပုံတပင် သယ်ယူ
အအိပ်ပျက်…. အအိပ်ခက်လို့မျက်ရည်တွေသာ
အဖော်ဖြစ်ခဲ့တာကလွဲ
ဟုတ်တယ်.. ခင်ဗျားကို…ကျုပ်မချစ်ဘူး။
နွေမိုးဆောင်းတို့လွန်
အလွမ်းရဲ့ကျေးကျွန်ဖြစ်
ကျုပ်ဘ၀လမ်းထဲ ခင်ဗျားမပါဝင်ခဲ့
ီနုတ်ထွက်ခဲ့ပြီးနောက်ပိုင်း
ဒီလူ့ ကမ္ဘာထဲ……
ဒီလူ့ ကမ္ဘာထဲ……
အဆွေးရာသီသာလည်ပတ်ခဲ့
ဟုတ်ပါတယ်
ခင်ဗျားထင်ခဲ့သလိုပေါ့….
…………..
။ခင်ဗျားကို…ကျုပ်မချစ်ခဲ့ပါဘူး။ ။
ခင်ဗျားထင်ခဲ့သလိုပေါ့….
…………..
။ခင်ဗျားကို…ကျုပ်မချစ်ခဲ့ပါဘူး။ ။
Comment #2
ကျေးဇူးတင်ပါတယ်နော်…ကေ…

Comment #6
အရမ်းကောင်းလို့
ကဗျာနဲ့အတူ ထပ်တူခံစားရပါတယ်
ကိုမိုးရယ်……။
ဒီကဗျာက ကိုမိုးရဲ့ အပြင်ကတကယ့်ခံစားချက်လားဟင်။
အားပေးနေပါတယ်နော် ….။

Comment #7
အားပေးချင်းအတွက်..ကျေးဇူးအများကြီးတင်ပါတယ်….မီးမီးရေး..မိုးက ..မိန်းခလေးပါ……

Comment #12
ကျေးဇူးအများကြီးတင်တယ်ဗျို့

Comment #14
တစ်ပုဒ်လုံးကြိုက်လို့တစ်ပုဒ်လုံးကိုcopy လုပ်လိုက်တယ်နော်အားပေးနေမယ်နော်..ကျနော့ခံစားချက်နဲ့ကိုက်တယ်ဗျာ

Comment #15
😛
😛
😛
😛
chit par,

Comment #16
😛
chit hmar pe
ya bu,,
😛

Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ီနုတ်ထွက်ခဲ့ပြီးနောက်ပိုင်း
ဒီလူ့ ကမ္ဘာထဲ……
အဆွေးရာသီသာလည်ပတ်ခဲ့
ဟုတ်ပါတယ်
ခင်ဗျားထင်ခဲ့သလိုပေါ့….
…………..
။ခင်ဗျားကို…ကျုပ်မချစ်ခဲ့ပါဘူး။ ။….
……………………………….
အရမ်းကောင်းတယ် မိုး ရေ…..အားပေးနေတယ်။