ဒီကဗျာမှာ..ကျွန်တော်…စကားနည်းနည်းပြောမယ်
ဒီကဗျာမှာ..ကျွန်တော်…စကားနည်းနည်းပြောမယ်
ဘဝ
အစ က မလှဘူးဗျ
ဒါပေမယ့် ကျွန်တော် မဖုံးဖိတတ်ခဲ့ဘူး
အနာ ပါ တဲ့ ရင်ခွင်ကို တန်ဆာပလာတွေနဲ့
ခင်ဗျားကို မပြုစားခဲ့ဖူးဘူး။
တိုက်ပွဲတွေကြားမှာ
ဖြတ်ပြေးခဲ့ရပေမယ့်
ကျွန်တော့်အသည်းကို ကာလို့
ခင်ဗျားအသည်းလေး ဖုန်မတင်စေခဲ့သူမှာ
လူလိမ်..အဖြစ်ပဲ မှတ်တမ်းဝင်ခဲ့ရတယ်။
ပန်းပွင့်နေတာမဟုတ်ဘူး
မုန်တိုင်းတွေပဲ လန်းနေခဲ့တာ
ဒီရင်မှ မကွဲ ဘယ်ရင်ခွင် လွမ်းနိုင်ဦးမလည်း
ဒါပေမယ့်
အကွဲတွေကြားကပဲ ခင်ဗျား လဲကြေ မသွားအောင်
ကျွန်တော် ယုယပေးခဲ့ဖူးပါတယ်။
ခုတော့….တဖက်သတ်တွေနဲ့..တားဆီး
အပြတ်ပြတ်ကာရံတွေနဲ့ ကျွန်တော်
ခါးသီးလှပါပြီ…..
တောင်းပန်ဖို့မလိုဘူး
ခင်ဗျား … စိုမယ်ထင်ရင်…
ကိုယ့်ကိုယ်ကိုယ် ပိတ်ကားချ တခန်းရပ်ပြစ်မယ့်ကောင်
………………
ကျွန်တော် …..
ရေးခဲ့ဖူးတဲ့ကဗျာအဟောင်းထဲကလို
……………….
ခင်ဗျားမှန်တယ်ဆိုတာ ငြင်းမှမငြင်းတတ်ခဲ့ပဲ
……………………
အနာဂတ်ဆိုတာ
ကျွန်တော်….မတတ်တဲ့..စာတပုဒ်ပဲ
ဆက်..မရေးဖြစ်တော့ဖို့များပါတယ်……
………………
တကယ်တော့..ကျွန်တော်
အတိတ်ကို ခုံမင်တာလည်းပါတာပေါ့
ဒါလည်း…………ကျွန်တော်..ပွင့်လင်းခဲ့မိတယ်။
………….
ကဲ………………….
မတော်တဆများ…
ခင်ဗျားအသည်းလေး နွမ်းချေခဲ့မိရင်
ကျွန်တော့် အသည်း ကျွမ်းကြေတဲ့ထိ..
အလျော်ပေးလိုက်တယ်
……………………………
အမှန်ဆို…ခင်ဗျားထိခိုက်မှာ
ကျွန်တော်..သာ ..လို့ စိုးထိတ်တတ်သူပါ။
..
ဒီကဗျာမှာ … ကျွန်တော်…
စကားနည်းနည်းပြောခဲ့တယ်
…………………………………
ခင်ဗျား……………………..
……………..ပျော်ရွှင်ပါစေဗျာ…………….။
Comment #3
ကျေးဇူးအများကြီးတင်ပါတယ်……..
Comment #4
တခါတလေမှာ….နှစ်ဦးနှစ်ဖက်နားလည်မှု့ တွေ
လွဲသွားတာရှိတတ်ပါတယ်…..
ပြန်လည်နားလည်မှု့ တည့်နိုင်ပါစေ…..
တကယ်ကိုစိတ်ထဲမှာခံစားရပါတယ်….ကဗျာလေးအရမ်းကြိုက်ပါတယ်…။
Comment #6
အရမ်းကောင်းပါတယ်…
Comment #7
ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်
Comment #8
ဒီရင်မှ မကွဲ ဘယ်ရင်ခွင် လွမ်းနိုင်ဦးမလည်း
ဒါပေမယ့်
အကွဲတွေကြားကပဲ ခင်ဗျား လဲကြေ မသွားအောင်
ကျွန်တော် ယုယပေးခဲ့ဖူးပါတယ်။
မမိုး…အ၇မ်းကောင်းတယ်ဗျာ…
Comment #10
ကဲ………………….
မတော်တဆများ…
ခင်ဗျားအသည်းလေး နွမ်းချေခဲ့မိရင်
ကျွန်တော့် အသည်း ကျွမ်းကြေတဲ့ထိ..
အလျော်ပေးလိုက်တယ်………….
အရမ်းကောင်းတယ် မိုးရေ
အားပေးနေတယ်….။
Comment #16
အားပေးသော..ကိုကြယ်စစ်သည်..ကျေးဇူးပါ
D26..ခင်ဗျာ..ဘာ့ကြောင့်မှားရတာပါလည်းကျွန်တော်မသိပါခင်ဗျာ
……
ကျွန်တော့်ကြောင့်ဆိုရင်တော့ တောင်းပန်ပါတယ်….
ပျော်ပျော်နေပါဗျို့
Comment #18
ဟုတ်ကဲ့ပြောပါဗျို့
Comment #19
:'( လွမ်းတယ်
Comment #20
ဟုတ်ကျွန်တော်လည်းလွမ်းနေပါတယ်လို့
အန်တီမျောရေလွမ်းတယ်:P
အန်တီမျောနဲ့အတူ
နောင်ကြီးတယ်ရီ..မောင်လေး X-Ray အထူးပျောက်နေသဖြင့်
အထူးသတိရနေပါတယ်
Comment #21
ဖမ်း လို့ ကို မမိ ဘူးး အဲ့  ခလေးတွေ :'(
Comment #22
ကျွန်တော်လည်းပြောခဲ့မယ် .. တကယ်ကောင်းပါတယ်လို့  🙂
အားပေးတယ်ဂျာာာာာာာာာာာာာာာာာာာာာာာ
Comment #24
ကဲ………………….
မတော်တဆများ…
ခင်ဗျားအသည်းလေး နွမ်းချေခဲ့မိရင်
ကျွန်တော့် အသည်း ကျွမ်းကြေတဲ့ထိ..
အလျော်ပေးလိုက်တယ်
……………………………
Comment #26
အရမ်းကောင်းတဲ့ ကဗျာ လေး နော်….
အားပေးနေ ပါ တယ်…..။
Comment #27
good !!!!!!!!!
Comment #28
မိုက်စ့်
Comment #29
အမှန်ဆို…ခင်ဗျားထိခိုက်မှာ
ကျွန်တော်..သာ ..လို့ စိုးထိတ်တတ်သူပါ။
..
ဒီကဗျာမှာ … ကျွန်တော်…
စကားနည်းနည်းပြောခဲ့တယ်
…………………………………
ခင်ဗျား……………………..
……………..ပျော်ရွှင်ပါစေဗျာ…
Comment #1
As an old man I still have to learn the hidden meaning of the poems. Any way I have a feeling that the auther is self less. I wish i can tye my comment in Myanmar font.