တန်ဖိုးမဲ့ခဲ့သော … . .ဆောက်ကျိုးနဲ . . .ငါ
ငါ့ဘက်က
တည်မြဲခြင်းအတွက်
သစ္စာနဲ့ရင်း
ရင်ခွင်တံခါးကိုပိတ်လို့ . . . . .။
ငါ့ဘက်က . .
မျှော်လင့်ချက်တွေအသက်ရှင်ဖို့
ပေးဆပ်ခြင်းကို ရက်ရောစွာ
အသုံးချလို့ . .။
နင့်အတွက်ဆို
အမြဲ . . ငါ
ဖြစ်ခဲ့တော့. .
ဗုံးပေါလအော အချစ်တွေက
အဖိုးမတန်ခဲ့ဘူးပေါ့ . .။
ရင်ခွင်တံခါးပိတ်ထားဆဲပါ။
နင့်လိုအပ်တိုင်း အဆင်သင့် ဖြစ်ချင်ဆဲ . . ငါ။
နာကျင်ရမယ်ဆိုရင်တောင်မှ
နင်ရှိနေခဲ့ဖူးတဲ့
အတိတ်ဆီမှာ
အိပ်မက်မက်နေခဲ့သူပါ. . ။
ရှင်းသန့်ဖြူ
Comment #2
နင့်အတွက်ဆို
အမြဲ . . ငါ
ဖြစ်ခဲ့တော့. .
ဗုံးပေါလအော အချစ်တွေက
အဖိုးမတန်ခဲ့ဘူးပေါ့ . .။
ကဗျာလေးအရမ်းကောင်းပါတယ် အစ်မ 🙂
By: loafer at Apr 7, 2013
Comment #3
Kwat ti be.
By: ei lay at Apr 7, 2013
Comment #4
ကဗျာကစကားလုံးတွေက နာကျင်ပေမယ့် Drama Series က Cut တစ် Cut လို ကဗျာက အသက်ဝင်လွန်းတယ် ~~
With respect,
RAY
By: X - ray at Apr 7, 2013
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
ကောင်းတယ်….အမ ..အားပေးနေတယ်