ပြည်ထောင်စု
သေခြင်းနဲ့ရှင်ခြင်း
ခပ်ပါးပါး မျဉ်းတစ်ဖက်မှာ
သေရုံနှင့်ပြီူလြိုက်ကြမတဲ့လား…။
ပျံရင်းနဲ့သာ သေလိုတဲ့စိတ်ရှိပေမယ့်
ပန်းတိုင်မရောက်ခင်တော့ တောင်ပံခတ် မပြတ်ချင်…။
“ခွဲရမှကျေနပ်ကြမယ်ဆိုရင်
အိန္ဒိယမြေပုံကို ငါ့ရင်ဘက်ပေါ်တင်ပြီး
ဓားထက်ထက်နဲ့ ထက်ခြမ်းသာခွဲလိုက်ကြပေရော့”
ကျူးရင့်တဲ မဟတ္တမဂန္ဓီကြီးရဲ့စကား
ကမ္ဘာတုန်အောင်ကြားခဲ့ရပေမယ့်
အိန္ဒိယနဲ့ ပါကစ္စတန်
နေရူးနဲ့ ဂျင်းနား
တစ်ကနေ နှစ်ဖြစ်သွားတာလား…။
တစ်ကနေ တစ်ဝက်ဖြစ်သွားတာလား…။
စဉ်းစား..။
သေရုံနှင့် ပြီးလိုက်ကြစတမ်းဆို
ဂန္ဓီဆိုတာ ကမ္ဘာမှာမရှိ
အောင်ဆန်းဆိုတာ ကမ္ဘာမှာမရှိ
……………… ကမ္ဘာမှာမရှိ။
……………… ကမ္ဘာမှာမရှိ။
……………… ကမ္ဘာမှာမရှိ။
Persented By:
ဇော်သက်ဦး(Ayatekalay)
Comment #2
အားပေးသွားပါတယ်
သိပ်ကောင်းတဲ့ ကဗျာလေးပါပဲ
By: မင်းလူန at May 31, 2011
Comment #3
အားပေးသွားတဲ့ အစ်ကို မင်းလူန ကိုကျေါ်ဇူးပါ…။ ။။
By: Zaw Thet Oo at Jun 1, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သခင်အောင်ဆန်း အမှတ်တရလေးပါ