နှလုံးသွေးအစစ်ဖြင့်ပေါင်းခံထားသော
ငါ့ကိုသတ်မယ့်ရနံ့ကို ငါကိုယ်တိုင်အငမ်းမရစုပ်ယူနမ်းရှိုက်၊
မေ့မရလိုက်တဲ့တဒင်္ဂလေးအတွင်းမှာပဲ ဘဝကြီးကတော့ပျက်ဆီးသွားခဲ့ပြီးပြီ၊
ခပ်ရင့်ရင့်အရောင်တစ်မျိုးမှာ ကြေကွဲခန်းက လူမိုက်ဆန်ဆန်၊
သွေးသားတောင်းဆိုမှုအရငါသိထားသမျှ ငါပြန်ပြန်မေ့၊
မလွမ်းချင်လွမ်းချင်နဲ့နေဝင်ခြင်းကို ပုံဖော်၊ထုဆစ်၊
အပြစ်အနာအဆာမရှိတဲ့ အိုးပဲ့တစ်ခြမ်းမှာလည်း သူ့တန်ဖိုးနဲ့သူ၊
မယူဘဲရတာ အတ္တဆုရင် အရှက်က မျက်လုံးနဲ့နားမှာ ရှိတယ်၊
တကယ်ဆိုရင် ဇောက်ထိုးကြည့်မှ အတည့်မြင်ရမယ့် ပြကွက်ပါ၊
တစ်ခန်းမရပ်ဘဲ ကျေကျေနပ်နပ် လွမ်းတယ်…။ ။
Persented By:
ဇော်သက်ဦး(Ayatekalay)
Comment #2
မိုက်တရ်မောင်လေးကဗျာက… အားပေးသွားတရ်နော့မောင်လေးရေ…
ဘာအတွက်နဲ့ရေးထားတရ်မသိပေမဲ့… စာသားက အရမ်းလန်းတရ်…
By: sandi at Jun 30, 2011
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
သခင်အောင်ဆန်း အမှတ်တရလေးပါ